ဘဝတခုဆိုတာ မွေးဖွားတဲ့အချိန်ကစပြီး မသေဆုံးခင်စပ်ကြားတည်ရှိနေတာကိုပဲ သတ်မှတ်နိုင်ကြတာပါ၊
တခုရှိတာက ငိုချင်းနဲ့စပြီး ပုံသဏ္ဍန်မျိုးစုံ သက်သာ မသက်သာ နှစ်ဖြာကွဲပြီးဆုံးပါးကြရတာ ဓမ္မတာပါ၊ အဲဒီတော့ ငါခံစားရတဲ့ ဒုက္ခက မင်းထက်ပြင်းတယ်လို ဆိုကြသူတွေ၊ တဖက်လူကလည်း ပြန်မပြောလိုက်ပေမဲ့ ငါခံစားရတာ ဒုက္ခကလည်း မသက်သာဘူးဆိုတာ ကာယကံ၇ှင် ငါကိုယ်တိုင်မှ သိတာပါကွာဆိုတဲ့အတွေးလေးနဲ့ပေါ့…
အလွာပေါင်းစုံက ပုံသဏ္ဍန်မျိုးစုံနဲ့ ခံစားကြရတဲ့ သဘာဝလေးပြောပြရရင်…
ရှေးတုန်းက …တောရဆောက်တည်နေတဲ့ ….တောရကျောင်းဆရာတော်ကြိးတပါးက ဆွမ်းစားခါနီး ဟင်းလျှာမျိုးစုံ ပြင်ထားတဲ့ ဆွမ်းဝိုင်းကြီးကိုကြည့်ပြီး ..အင်း ဒုက္ခ ဒုက္ခ ဆိုပြိးညဥ်းပါတယ်..အဲလို ညဉ်းညူသံကို မလှမ်းမကမ်းမှာရှိနေတဲ့ ကပ္ပိယ ဦးသူတော်ကြီးက ..ဟင်း ဒီလောက်ဟင်းကောင်းတွေအပြည့်နဲ့ ထမင်းဝိုင်းကိုကြည့်ပြိး စားရမှာများ ..ဒုက္ခတဲ့ .ဒီလိုဒုက္ခမျိုး သူတော်တို့ ခံလိုက်ချင်ပါတယ်လို့ မကြားတကြားပြောလေ့ရှိပါတယ်….
ဒါပေမဲ့ ဦးသူတော်လည်း ဆရာတော်ဆွမ်းဘုန်းပြိးလို့ရှိရင် သူကသိမ်ဆည်းပြိး အဲဒီဆွမ်းဝိုင်းကိုပဲ နေရာလေးရွေ့ပြီး စားပါတယ်..သူဆရာလုပ်သလို ဆွမ်းဝိုင်းကိုကြည့်ပြိး ဒုက္ခ ဒုက္ခလို့ ဆရာအတုလိုက်ပြီး ဆိုပါတော့တယ်..
အဲလို တောရဆရာတော်ကြိး ရဲ့ ဒုက္ခညဉ်းလေရှိတဲ့ အလေ့အထ နဲ့ ဦးသူတော်ကြိးတို့ရဲ့ ဒုက္ခလို့ညဉ်းလေ့ရှိတဲ့သဘာဝကို ပါတ်ဝန်းကျင်က လူတွေကလည်း အနည်းနဲ့ အများသိနေကြ.
တောကျောင်းနဲ့ မလှမ်းမကမ်း တောအုပ်ထဲမှာ အရိပ်ကောင်းတဲ့ ညောင်ပင် ကြိး တပင်ရှိပါသတဲ့ ..အဲဒီညောင်ပင်ကြိးပေါ်မှာ ရွေနီ လို့ခေါ်တဲ့ မျောက်ကြီးတကောင်နေပါတယ်၊ ပါတ်ဝန်းကျင်းအနိးအနားကရွာသူရွာသားတွေဟာ တောသွားတောပြန် အဲဒီညောင်ပင်ကြီးအောက်မှာ ခနအမောပြေ အနားယူလေ့ ရှိကြတဲ့အခါမှာ အနားယူရင် ပါးစပ်က ဒုက္ခ ဒုက္ခလို့ ညဉ်းတွားကြလေ့ရှိကြသလို..ဟို ခပ်ဝေးဝေးက ခရီးသွား ခရီးလာတွေဟာလည်း အရိပ်ကောင်းတဲ့ ညောင်ပင်ကြိးအောက်မှာရောက်တိုင်းနား..နားတိုင်းညဉ်းကြတာကတော့ ဒုက္ခ ဒုက္ခလို့ ဆိုတာပါပဲ။
တနေ့မက ကြားဖန်များလာတဲ့ အခါမှာ မျောက်ရွေနီ ကြိးက လူတွေငါ့ညောင်ပင်အောက်ကိုရောက်တိုင်း ဒုက္ခ ဒုက္ခ လို့ ပါးစပ်ကနေ လူတိုင်းညဥ်းကြတယ်…ဒုက္ခဆိုတာ ဘယ်လိုအကောင်လည်း..ဘယ်လိုအရာလည်း …ငါဒုက္ခဆိုတာသိချင်လိုက်တာ ဆန္ဒတွေ ဖြစ်လာပါတယ်။
တနေ့ညောင်ပင်အောက်မှာအနားယူနေတဲ့ လူက ဒုက္ခလို့ ပါးစပ်က ထွက်လိုက်တဲ့အချိန် …
မျောက်ကြိးရွေနီက ဗျိုး ………ညောင်ပင်အောက်ကလူကြိး ခင်များပါးစပ်က ဒုက္ခ ဒုက္ခဆိုတာပြောသံနေတိုင်းလိုလို ကျုပ်ကြားနေရတယ်ဗျ. ခင်များလိုပဲ လူတိုင်းလိုလို ကျုပ်ညောင်ပင်အောက်ကိုရောက်တိုင်း အနားယူနေတုန် ဒုက္ခ ဒုက္ခ လို့အမြဲတမ်းပြောကြတယ်…ခင်းများတို့ညဥ်းပြိးပြောနေတဲ့ ဒုက္ခက ဘယ်လိုဟာလည်းဗျ..ပြောပြစမ်းပါလို့..မေးသတဲ့
အဲဒီတော့ ခရီးသည်တွေက မျောက်ကြိးရွေနီ ရယ်..ဒုက္ခအကြောင်သိချင်ရင်တော့ တောရကျောင်းက ဦးသူတော်တို့သာ သွားမေးပါတော့လို့ ပြောလိုက်သတဲ့..
မျောက်ကြိးရွေနီလည်း ဒုက္ခအကြောင်းသိဖို့ တောရကြောင်းကို မနှေးမကြာ စောလျှင်စွာဆိုသလို ခရီးနှင်ပါတော့တယ်..တောကျောင်းရောက်တော့ ဦးသူတော်စီတန်းသွားပြိ …ဦးသူတော် ကျုပ်ကို ဒုက္ခပြပါ၊ ကျုပ် ဒုက္ခဆိုတာသိချင်ပါတယ်လို့တောင်းဆိုပါတော့တယ်၊
ဦးသူတော်က မျောက်ုကြိးရွေနီ ရယ် ဒုက္ခဆိုတာ မကောင်းပါဘူး မသိချင်ပါနဲ့လို့ပြန်ပြောလိုက်တယ်၊ မသိချင်ပါနဲ့ပြောလေ မျောက်ကြိး ရွေနီက သိချင်လေ ဖြစ်ပါရော…ပြပါဦးသူတော်ရယ်ဆိုပြိး ကျုပ်တကယ်သိချင်လို့ အဝေးကနေ တကုတက လာရတာပါဆိုပြိး တောင်းဆိုပါသတဲ့…
ဦးသူတော်ကလည်း ..အင် မျောက်ကြိးရွေနီ ဒီလောက်သိချင်ရင် မနက်ဖြန်တခါပြန်လာခဲ့ ..ကျုပ် မျောက်ကြိးရွေနီအတွက် ဒုက္ခရှာထားလိုက်မယ်လို့ ပြောလိုက်တဲ့အခါ ..မျောက်ကြိးရွေနီလည်း ဟုတ်ပြီဆိုပြိး ဒိလိုနဲ့ပြန်သွားပါတယ်..
ဦးသူတော်လည်း မျောက်ကြီးရွေနီ ပြန်သွားတယ်ဆိုရင်ပဲ ညကတည်းက ကျောင်းမှာရှိနေတဲ့ အကိုက်ကြမ်းတဲ့ခွေးတကောင်ကိုဖမ်းပြိး. ဂုံနီအိပ်နဲ့ ထုပ်ပြီးထားလိုက်ပါသတဲ့..
မနက်မိုးလင်းတယ်ဆိုရင်ပဲ မျောက်ကြီးရွေနိလည်း ..သူအင်မတန်သိချင်လှတဲ့ ဒုက္ခဆိုတာ သိရတော့မယ်ဆိုတဲ့ အသိနဲ့ တက်ကြွစွာနဲ့ ဦးသူတော်စီလာခဲ့ပါတယ်၊၊
ကျောင်းအပေါက်ဝကတည်းက ..ဗျို့ ဦးသူတော်..ခင်းများပြမယ်ဆိုတဲ့ ဒုက္ခဘယ်မှာလည်းဗျ လို့ေးမပါသတဲ့..
ဦးသူတော်ကလည်း ..ကဲ ကဲ..မျောက်ကြီးရွေနိ ဟောဒီမှာသင်သိချင်တဲ့ ဒုက္ခအထုပ်..အဲဒီအထုပ်ကို ထမ်းပြီးသယ်သွား.သစ်ပင်တပင်မှမရှိတဲ့ ကွင်းပြင်အလယ်ရောက်မှ ဖြေကြည့်လို့ မှာလိုက်ပါသတဲ့..
မျောက်ကြိးရွေနီလည်း အားရဝမ်းသာစွာနဲ့ ဦးသူတော်ပေးတဲ့ အထုပ်ကြိးထမ်းပြိး ကွင်းပြင်လယ်ခေါင်ကိုအရောက်သွားပါတော့တယ်..ကွင်းပြင် အလယ်ခေါင်လောက်ရောက်တဲ့အခါ အရှေ့အနောက် တောင်မြောင် လှည့်ပတ်ပြီး အလယ်ဗဟိုကျမကျ သေချာခန့်မှန်းပြီးကြည့်လိုက်ပါသေးတယ်၊
အင်း ဥိးသူတော်ပြောတဲ့အတိုင်း ကွင်းအလယ်ခေါင်လည်းရောက်ပြီ၊ သစ်ပင်လည်း တစ်ပင်မှမရှိဘူးဆိုတော့ အဆင်ပြေပြီးဆိုပြိး အထုပ်ချပြီးဖြေကြည့်ပါတော့တယ်၊
အထုပ်ပြေသွားတာနဲ့ တပြိုင်နက် တစ်ညလုံးဂုံနီအိပ်ထဲမှာ နေရတာရော ..ဘာတခုမှမစားရလို့ ဗိုက်စာပြိး ဒေါသထွက်နေတဲ့ ခွေးကြိးက အပြင်ရောက်တယ်ဆိုရင်ပဲ မျောက်ကြီးရွေနိနောက်လိုက်ပါတော့တယ်၊ မျောက်ကြိးရွေနိလည်း ခြေဦးတည့်င်္ရာ ဒူးတည့်ရာ ပြေးရရှာပါတော့တယ်၊ ခတ်တာက သစ်ပင်တပင်မှမရှိတာက သူအတွက် ပိုခတ်ခဲစေပါတော့တယ်၊ ဒီလိုနဲ့ အတော်ပြေးပြီး သစ်တောအုပ်အစပ်ရောက်တဲ့အခါကျမှ အနီးရှိ သစ်ပင်ပေါ်ကို အပြေးအလွား တက်ပြေးရပါတော့တယ်။
ဗိုက်စာစာနဲ့ အကိုက်ကြမ်းတဲ့ ခွေးကြိးက နောက်ခြေတောက်လက်နှစ်ဖက်ကိုမြေမှာထောက် ရှေ့ လက်နှစ်ဖတ်ကို သစ်ပင်မှာတင်ပြိး မောမောနဲ့ မော့ကြည့်ပြီး တဟဲဟဲ နဲ့ မာန်ဖီပြီး သစ်ပင်အောက်က စောင့်နေ့ပါတော့တယ်၊
မျောက်ကြီးရွေနိလည်း မောကလည်းမော လန့်ကလည်းလန့်နဲ့ သစ်ပင်အောက်ကို ငုံကြိးလိုက်တဲ့အခါ လျှာတွဲလွဲကျနေတဲ့ ခွေးကြိးကိုသေသေချာချာကြည့်ပြီး…..
မျောက်ကြိးရွေနီ သဘောက်ပေါက်လိုက်တာက…
အော်..ဒုက္ခဆိုတာ မျက်လုံးပြူးပြူ နုတ်ခမ်းမဲမဲ လျှာတွဲလွဲ တဟဲဟဲ နဲ့သတ္တဝါကြီးပါဘာလားလို့ သဘောပေါက်သွားပါတော့တယ်၊
ကဲ..ဒီပုံပြင်လေးထဲမှာ တောရကျောင်းဆရာတော်ကြီးလည်း ဒုက္ခကိုခံစားရတယ်…
ဦးသူတော်ကြီးလည်း ဒုက္ခကို ညဥ်းနေလေ၇ဲ့၊
နီးနီးဝေးဝေး အပြေးနဲ့ ဘဝ ဝမ်းစာအတွက်ရုန်းကန်နေကြတဲ့ ခရီးသွားတွေလည်းပဲ ဒုက္ခဆိုပြိ ပြောကြလေရဲ့၊
မျောက်ကြိးရွေနီလည်း နောက်ဆုံးဒုက္ခဆိုတာ ဒါပါလားဆိုပြိးသူနည်းသူဟန်နဲ့သဘောပေါက်သွားလေရဲ့..
ဒီနေရာမှာ ၊ ၊တောရကျောင်းဆရာတော်ကြီးနာလည်တဲ့ဒုက္ခက ရောဂါတွေနဲ့ ပြည့်နေတဲ့ ဒီခန္ဓာကိုယ်ကြိးကို အစားအသောက်မျိုးစုံနဲ့ တနေ့တနေ့ ပြုစုကျွေးမွေးပြီး သေမဲ့ရက်ကို ထိုင်စောင့်နေရတာပါလား.. ငါကသာသူကိုပြုစု သူအကြိုက်လိုက်ပြိးနေပေးနေပေမဲ့ သူကကျတော့ ငါကိုမညှာဘူး၊ အမြဲတမ်း ဝေဒနာတွေနဲ့နိက်စက်နေတာပဲ…ဘာမှမမြဲပါလား..ဆင်းရဲအတိပါလား၊ ကိုယ်ပိုင်အစိုးရတာ ဘာမှမရှိပါလားဆိုတဲ့ အသိနဲ့ ဒုက္ခကို သဘောပေါက်တာပါ်၊
ဦးသူတော်ကတော့ ဆရာတော်ကြိး လိုနက်နက်နဲနဲမသိပါဘူး၊ ဆ၇ာဆိုသလိုအတုလိုက်ဆိုပြိး ဒီလိုဒုက္ခမျိုးသူတော်တိုခံလိုက်ချင်ရဲ့ဆိုတဲ့ ဒုက္ခကိုညဉ်းတဲ့အဆင့်ပါ။
သူသူငါငါ သမုဒ္ဒရာ ဝမ်းတထွာအတွက် နေ့နေ့ညည ရှာနေကြရတဲ့ ခရီးသွားလူသားတွေ ပင့်ပန်းလို့ နားလည်တဲ့ ဒုက္ခကတမျိုးပါ၊
နောက်ဆုံး တိရိစ္ထာန်ဖြစ်တဲ့ မျောက်ကြီးရွေနီ ..သဘောပေါက်တဲ့ ဒုက္ခက မျက်လုံးပြူးပြူး နုတ်ခမ်းမဲမဲ လျာတွဲလွဲ တဟဲဟဲနဲ့သတ္တဝါဟာ ဒုက္ခပါလို့ သူနည်းသူဟန်နဲ့သဘောပေါက်တာပါ.
.ဒီတော့ …အလွာပေါင်းစုံက ပုဂ္ဂုလ်တွေဟာ နေစဉ်ဆိုသလို ဒုက္ခဆိုတာ ရင်ဆိုင်နေကြရတာပါ၊
ဖြစ်ပျက်ပုံးခြင်း မတူကွဲပြား ခြားနေပေမဲ့ ဒုက္ခ- ဆင်းရဲခြင်းဆိုတာကတော့ လူတိုင်းလက်ခံနေကြရတာပါ. ကိုယ့်ရဲ့ ညာဏ်အဆင့်အတန်းနဲ့ ကိုယ်အသီးသီးသဘောပေါက်ကြပြိး ကွဲပြားသွားကြရတာပါ၊
သဘောပေါက်တာချင်းတူအုံးတော့ တောရကျောင်းဆ၇ာတော်ကြိးရဲ့ ဒုက္ခက ညာဏ်နဲ့ယှဉ်တဲ့ ဒုက္ခဖြစ်လို့ အဆင့််မြင့်တဲ့အသိလို့ပြောရမှာပေါ့နော်….
နောက်ဆုံး ..တိရိစ္ထာန်ဖြစ်တဲ့ မျောက်ကြိး ရွေနီတောင် ဒုက္ခတော့ရှိတာပါဘဲ..ရှိတဲ့ဒုက္ခ ရလာတဲ့ဒုက္ခ တွေ့ကြုံရတဲ့ဒုက္ခဟာ သူနည်းသူဟန်နဲ့တော့ မသက်သာလှကြပါဘူးနော်..
ကိုယ်စီကိုယ်ငှ ရင်ထဲမှာ ခံစားရတဲ့ ဒုက္ခ နဲ့ အသိဟာ ဘယ်အဆင့်မှာရှိသလဲ ဆိုတာကတော့ ကိုယ့်ဟာကိုပဲ ဆုံးဖျက် အဆင့်သတ်မှတ်ပါလို့ပြောမိရင် စာရေးသူလွန်တယ်လို့များပြောနေကြမလား….
တကယ်လို့များ….တစုံတယောက်က …ငါခံစားရတဲ့ ခံစားမှု့ဒုက္ခက မင်းထက်ပြင်းတယ်လို့ ပြောခဲ့ရင်လည်း နားလည်ပေးလိုက်ပါနော်လို့လည်း မှာပါရစေ…..
Contact
!-kp-3နည်းပညာ-http:>
Tuesday, December 28, 2010
ခံစားရတဲ့ ဒုက္ခ ကိုယ်စီကိုယ်ငှ ရှိကြရာဝယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment