လူဆိုတာအနေအထား တစ်ခုစီတော့ရှိကြတဲ့ သူတွေချည်းပါဘဲ၊ အနေအထားဆိုတာကလဲ လူမှု့ရေး ပညာရေး ရာထူဂုဏ်သိန် စည်းစိမ်..စသည်ဖြင့်ပေါ့လေ၊ ရှိခဲ့ပြီလား အနေအထားကိုဘဲဖြစ်ဖြစ် ယခုလက်ရှိအနေအထားကိုဘဲဖြစ်ဖြစ် ကိုယ့်အနေအထားကို ကိုယ်ထင်သာထင်ပြီး ထင်မာနတံတိုင်း ကိုယ့်ကိုယ်ကိုဝိုင်းခတ်လိုက်ပြီဆိုလျှင် မလွတ်လပ်တော့ဘူးပေါ့၊ ပါတ်ဝန်းကျင်နဲ့လည်းကင်းကွာသွားတတ်တယ်၊ မကင်းပြန်လည်း အဆင်ပြေမှု့ နည်းလာတက်တယ်။ အဆင်ပြေမှု့နည်းလာတဲ့အခါ ကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်အပေါ်မှာ ဆက်ဆံရေးကျဲလာတော့ ပါတ်ဝန်းကျင်ကလည်း ကိုယ့်အပေါ်မှာ ရှောင်ဖယ်လာပြီပေါ့၊ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းပြောတာကိုသတိရမိတယ်၊ “ကျောင်းသူကျောင်းသားဆိုတာ ကျောင်းကသင်ပေးလိုက်တဲ့ ပညာလေးနဲ့ မလုံလောက်ဘူး၊ ဘဝတက္ကသိုလ်ဆိုတဲ့ ကျောင်းတော်ကြီးမှာ ဆက်လက်ပြီးမျက်စိဖွင့် နားစွင့်ပြီးအစွမ်းကုန်လေ့လာလိုက်စားဘို့လိုသေးတယ်” ဆိုတဲ့စကားလိုပါဘဲ။
ပါတ်ဝန်းကျင်နဲ့ တဖြည်းဖြည်းကင်းဝေးလာပြီဆိုရင် ဘဝတက္ကသိုလ်ကျောင်းတော်ကြီးမှာ ကိုယ့်ပါတ်ဝန်းကျင်အသိုင်းအဝိုင်းဆီက ရရှိနိုင်တဲ့ အတွေ့အကြုံ ဗဟုသုတ မှန်သမျှတွေဟာ ပါတ်ဝန်းကျင်နှင့် ကင်းးဝေးနေသမျှ မရနိုင်တော့ပါ၊ ဘယ်အရပ်ဘယ်ဒေသ ဘယ်နေရာမှာဘဲရောက်ရောက် ဘယ်လိုလူစားမျိုးနဲ့တွေ့တွေ့ ကိုယ်စိတ်ထဲက ကိုယ်ဆက်ဆံနေတဲ့သူကို
မကောင်းဘူးလို့ထင်ခဲ့ရင် ကင်းအောင်နေလိုက်ပါ၊
မကင်းနိုင်ဘူးဆိုရင်လည်း ကောင်းအောင်နေလိုက်ပါ။
သူသူငါငါ လူသားမှန်သမျှဟာ အတ္တလူသားတွေပီပီ ကိုယ့်ဘက်ကိုအလေးပေးတဲ့ အတွေးများစွာဖြစ်တက်ပါတယ်၊ ငါကကောင်းပါတယ် သူကသာ….ဆိုတဲ့ အတွေးရှိနေသမျှ စိတ်ချမ်းသာပါတယ်ဆိုတဲ့ ကိုယ့်ဘဝတကယ်စိတ်မချရသေးပါလို့ ပြောချင်ပါတယ်။
ကိုယ့်က သူအပေါ်ဘယ်နှစ်ခါကောင်းပြီးပြီလည်း သူ့အပေါ်ကောင်းခဲ့ပါတယ်ဆိုတုန်းကရော တစ်သက်လုံးအတွက် ဘာမှမျှော်လင့်ချက်မထားဘဲနဲ့ ကောင်းခဲ့ရဲ့လား မျှော်လင့်ချက်ဆိုတာကလည်း ပစ္စည်းဥစ္စာအနေနဲ့ မဟုတ်တောင် ရုပ်တရက်တွေ့ကြတဲ့အခါမှာ ကိုယ့်ကိုလူထဲကလူ တမူထူးခြားပြီး နှုတ်ဆက်ခံ အပြုစုခံချင်တာကအစ….ပြောရရင်တော့အများကြီးပေါ့။
တုန့်ပြန်မှု့မှန်သမျှ တောင့်တတဲ့စိတ်မကင်းရင် ရင်ထဲမှာမရှင်ဘူး၊ မျှော်လင့်ချက်ကင်းကင်းနဲ့ စိတ်ထဲမှာ ရှင်းရှင်းကောင်းနိုင် တဲ့တနေ့ရောက်လာတဲ့အခါ ငါကကောင်းပါတယ် သူကသာ…..ဆိုတဲ့အတွေးဝေးပြီးတော့ ၊ သူကကောင်းပါတယ် ငါကသာ ဆိုတဲ့အတွေးမျိုးတိုးလာပြီဆိုရင် တစ်ဆင့်တက်လာတာပါဘဲ။
ဘာကြောင့်တဆင့်တက်လာတာလည်းလို့ပြောရရင်
တွေ့ကြုံလာတဲ့ ပြဿနာတခုအပေါ်မှာ လူယုတ်မာသည် သူတပါးပေါ်အပြစ်တင်၏။
သူတော်ကောင်းသသည် မိမိကိုသာ အပြစ်တင်၏၊
သူတော်ကောင်းစစ်စစ်ကြိးတိုမှာမူ မိမိသူတပါး နှစ်ဦးသားအပေါ်မှာ အပြစ်မတင် အပြစ်မမြင်ကြတော့ပေ။
ဘာကြောင့်လည်းဆိုတော့ အကောင်းအဆိုးမှန်သမျှဟာ အကြောင်းအကျိုးနဲ့စပြီး အကြောင်းအကျိုးနဲ့ အဆုံးသက်တာဘဲလို့ ဆက်ဆံတာကို လက်ခံသွားကြလို့ပေါ့၊
အဲဒီတော့ လူတိုင်းလူတိုင်းဟာ မိမိရရှိထားတဲ့အနေအထားကိုလှေကားတစ်သဖွယ် အသုံးချရမှာပါ၊ လှေကားဆိုတာ အပေါ်ကိုမြင့်သထက်မြင့်အောင် တက်တဲ့နေရာမှာ အသုံးချခံပစ္စည်းဖြစ်သလို မိမိတို့ကလည်း ရရှိထားတဲ့လူ့ဘဝ၊ သင်ယူထားတဲ့ ပညာ၊ ရှာဖွေထားတဲ့ စည်းစိမ်နဲ့ ရာထူးဂုဏ်သိမ်အပေါ်မှာ အခြေခံပြီး အနေကြပ်မဲ့ ဘောင်ခတ်တာမျိုး မလုပ်ဘဲနဲ့ အနေအထားကို လှေခါးထစ်သဖွယ် သဘောထားပြီး စိတ်ဓါက်မြင့်ရင် မြင့်သလောက် ခရီးပေါက်နိုင်တဲ့ အခွင့်အလမ်း သင့်လက်တကမ်း ရှိနေပြီဆိုမှဖြင့်….
ငါကကောင်းပါတယ် သူကသာ…..လို့တွေးနေမည့်အစား
သူကကောင်းပါတယ် ငါကသာ…..ဆိုတဲ့အတွေး နေရာလေးများပေးလိုက်ရင်……
Contact
!-kp-3နည်းပညာ-http:>
Tuesday, December 28, 2010
ငါကကောင်းပါတယ် သူကသာ........
Subscribe to:
Post Comments (Atom)
No comments:
Post a Comment