"လယ်သမားကြီး ဦးသာအောင် - - - - - စားစရာမရှိလို့ လှည်း၊ နွားပေါင်
ကိုဖိုးမောင် အလုပ်သမား - - - - - စက်ရုံပစ္စည်း ခိုးရောင်းစား
ဦးဖိုးကျားက ကျောင်းဆရာ - - - - - ကျူရှင်ပြ၍ စီးပွားရှာ
မောင်ထွန်းသာ စစ်သားကလေး - - - - - မူးယစ်ဆေးဝါး သယ်ဆောင်ပေး
စာဖြန့်ဖြူးရေး မောင်သိန်းတန် - - - - - စာပို့ရာတွင် ငွေတောင်းခံ
ကိုသာဇံ မီးသတ်သမား - - - - - ပိုက်ဆံပေးမှ သူစွန့်စား
ရဲသားကြီးက ကိုလှရွှေ - - - - - ဖာခန်းသွားပြီး ငွေတောင်းနေ
တို့လုံမေ မခင်မြ - - - - - ငွေတောင်းရာတွင် ကျွမ်းကျင်လှ
ဦးစိန်ဘက ဆရာဝန် - - - - - ငွေပုံပေးရင် အလွန်ကျိုးနွံ
မလှမွန် သူနာပြု - - - - - လက်ဆောင်ပေးမှ သူပြုစု
ဦးသာနုက ရ ယ က - - - - - မျက်နှာချိုသွေးလို့ ငွေခွဲကြ
ဦးညွန့်လှက ကာစတန် - - - - - ငွေရောလူပါ သူတောင်းခံ
ကိုမြဟန် လ ၀ က - - - - - မှတ်ပုံတင်လုပ်ရင် ငွေပေးမှ
မ ရ က ကြီး ဦစံသာ - - - - - အရှက်ကြောက်ကင်းမဲ့ ကိုယ်ကျိုးရှာ
ကားဆရာ ကိုဘသောင်း - - - - - ဓါတ်ဆီထုတ်လို့ မှောင်ခိုရောင်း
ကျောင်းသူကျောင်းသား တို့အဖေါ် - - - - - အရွယ်ရောက်လို့ ကြီးပြင်းသော်
အမြင်မတော် ပြု ပြင်သွား - - - - - တော်လှန်ကြစို့လား''
ဆက်ဖတ်ရန်>>>
Contact
!-kp-3နည်းပညာ-http:>
Sunday, January 16, 2011
ငယ်စဉ်ကြီးလိုက်
ငယ် - သူငယ်ချင်းတို့ . . .
မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေပါ။
ကစားဖော်, ကစားဖက်
ကျောင်းပြေးဖော်, ကျောင်းပြေးဖက်
ဆိုးဖော်, ဆိုးဖက်
ဆော့ဖော်, ဆော့ဖက်
ဘောလုံးကစားဖော်, ကစားဖက်
ဘာပဲလုပ်လုပ် တဖက်ဖက်နဲ့
မင်းတို့ထဲမှာ ငါက စာအညံ့ဆုံး
ဒါပေမဲ့ “ငယ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံး။
စဉ် - သူငယ်ချင်းတို့ . . .
အစဉ်လိုက် - တပူးပူး, တတွဲတွဲနဲ့ ကောလိပ်ရောက်တော့လဲ ရှေ့ဆင့်နောက်ဆင့်ပဲ။
မင်းတို့က ရှေ့ကသွား ငါက နောက်ကလိုက်ခဲ့။
ပညာရေးကနိမ့်ပါးတော့ ငယ်ဘဝ မိဘတွေမရိပ်မိအောင်
မူးယစ်သုံးတော့လည်း မင်းတို့က တား၊
တားမရတော့လည်း ချစ်နေကြမြဲ။
မင်းတို့ကတော့ ပညာတတ်ကြီးတွေဖြစ်သွား
ငါကတော့ မူးယစ်သံသရာထဲ တဝဲဝဲလည်။
ဒါပေမဲ့ “ငယ်စဉ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးပဲ။
ကြီး - သူငယ်ချင်းတို့ . . .
ဘဝပေးအခြေအနေကြောင့် ငါက မင်းသားဖြစ်သွား
မင်းတို့မှာတော့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ၊
စစ်ဘက်အရာရှိတွေ၊ သဘောင်္အရာရှိတွေနဲ့
ငါနဲ့မင်းတို့ ဘဝတွေက ကွာခြားသွား။
ငါ့ရဲ့ဘဝထဲ ကြီးသူငယ်ချင်းတို့ နဲ့ ထပ်ဆုံတွေ့
ငါ့ရဲ့ လောကထဲမှာက ပြဿနာပေါင်းစုံ။
အရက်၊ မူးယစ်၊ မိန်းမ၊ လောင်းကစား အစုံပဲ။
အဲဒီ အစုံအစုံတွေကြား နစ်မွန်းခဲ့ရ။
ဒါပေမဲ့ “ငယ် စဉ် ကြီး” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးပဲ။
လိုက် - သူငယ်ချင်းတို့ . . .
ငါ့ဘဝကို ငါရုန်းထွက်
နာရေးကောင်းမှုထဲ စုံးစုံးဝင်ခဲ့။
လူမှုရေးလမ်းကြောင်းထဲ အဆုံးထိလိုက်ခဲ့။
နာရေး လူမှုရေး တပူးတွဲတွဲ စက်တင်ဘာကိစ္စ စခဲ့ပြီပဲ။
အကျဉ်းကျ မိသားစု ဘဝကိုယ်ချင်းစာခဲ့။
ငါ့ကို ခေါ်ယူမေးမြန်းခဲ့။
ငါလှည့်ကြည့်မိတယ် …… ဘယ်သူမှ မရှိတော့ဘူး။
…… ဘယ်သူမှ ပါမလာတော့ဘူး။
၂ဝဝ၇ နောက်ပိုင်း …… ငါ့ဘဝမှာ ငါ တယောက်တည်း။
မွေးကတည်းက တယောက်ထဲ ….. ဆုံးတဲ့အခါမှာလည်း တယောက်တည်း။
ဒီစကားက မှန်နေဆဲပါ သူငယ်ချင်းတို့
အခု……ငါကောင်းမှုတွေလုပ်နေပြီလေကွာ။
မြတ်စွာဘုရား ဆုံးမဟောကြားထားတဲ့ အတိုင်းဗြဟ္မစိုရ် လူမှုရေးတွေ လုပ်နေလေပြီကွာ။
လူလူချင်း စာနာထောက်ထားနေပြီလေကွာ။
ငါ့နားမှာ ငယ်စဉ်ကသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါ့ဘေးမှာ ကြီးမှပေါင်းတဲ့ အနုပညာသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါတို့ လက်ချင်း မတွဲကြတော့ဘူးလားကွာ။
ငါဟာ အနက်ရောင်လူသား မဟုတ်ရပါလားကွာ။
ငါဟာ အရှင်လတ်လတ် ဥပေက္ခာလူသားဖြစ်သွားပြီလား ……
အခုတော့ …. ငါ့ဘေးမှာ လူသေတွေနဲ့ လူနာတွေချည်းပဲပေါ့။
ငါ့ကို မင်းတို့တွေ့ရမှာ၊ ဆုံရမှာ ဘာလို့များ ကြောက်နေရတာလည်းကွာ။
ငါဟာ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ မကောင်းဆိုးဝါး မဟုတ်ပါဘူးကွာ။
ပြည်သူတွေရဲ့ဒုက္ခ အခက်အခဲတွေကို တပိုင်တနိုင် ဖေးမပေးနေတဲ့ ငါပါကွ။
မင်းတို့၊ ငါတို့ အများပြည်သူလူသားအားလုံးဟာ
ခင်ပွန်းကြီးဆယ်ပါးထဲမှာ အကျုံးဝင်တယ်ဆိုတာ မမေ့ကြပါနဲ့ကွာ။
လူမှုရေးဟာ … ပြည်သူ့အရေး
ပြည်သူ့အရေးဟာ … နိုင်ငံ့အရေး
နိုင်ငံ့အရေးဟာ …. မင်းတို့ ငါတို့ရဲ့ အရေးလေကွာ။
မင်းတို့ မရက်စက်ကြပါနဲ့
မင်းတို့ အတ္တမကြီးကြပါနဲ့
မင်းတို့ရဲ့ ပညာရပ်တွေကို ဘယ်သူမှမထိနိုင်၊ မခိုးနိုင်ပါဘူး။
မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး။ မပဲ့နိုင်ပါဘူးကွာ။
ဓားဆိုတာ သွေးနေမှထက်တယ်တဲ့။
မင်းတို့တတ်မြောက်ထားတဲ့ပညာရပ်တွေကို အသုံးချကြပါတော့ကွာ။
ဒါမှ မင်းတို့ရဲ့ပညာတွေ တောက်ပြောင်ထက်မြက်လာမှာပါ။
ခုတော့ …… ငါ့မှာတော့ တယောက်ထဲ
မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်က မှားနေပြီလား။
မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား။
မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာချောက်နေကြပြီလား။
မိချောင်းမင်း ရေခင်းပြတာတော့ မဟုတ်ရပါကွာ။
ငယ်စဉ် ကြီးလိုက် သူငယ်ချင်းတို့ရေ …
ငါတို့ ဟိုတုန်းကလို … လက်ချင်းဆက်ပြီး စိတ်ချင်းဆက်ကာ
ဒါပေမဲ့ . . . “ငယ် စဉ် ကြီး လိုက်” သူငယ်ချင်းတို့ မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။
မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ
ဆက်ဖတ်ရန်>>>
Friday, January 14, 2011
Tuesday, January 4, 2011
New Marketing Definitions
Direct Marketing ဆိုသည်မှာ
ပါတီတစ်ခုသို့သွား ရင်းနှင်. ကိုယ်ကြိုက်တဲ့ ခပ်မိုက်မိုက်ကောင်မလေးတစ်ယောက် ကိုတွေ့သည့်အခါ ကိုယ်ကလည်းချမ်းသာသည်ဆိုပါဆို့။
ကောင်မလေးထံသို့သွား၍ ကိုယ်ချမ်းသာကြောင်း ပြောပြီးလက်ထပ်လိုကြောင်းသွားပြောတာမျိုး ဖြစ်သည်။
Advertising ဆိုသည်မှာ
သူနှင်.ရင်းနှီးသော ကိုယ်၏သူငယ်ချင်းမအားမိတ်ဆက်ခိုင်း၍
ထိုကောင်မလေးအား ကိုယ့်ကောင်းကြောင်းများကိုသာ ပြောစေချင်းဖြစ်သည်။
Telemarketing ဆိုသည်မှာ
တနည်းနည်းနှင်. ကောင်မလေး၏ ဖုန်းနံပါတ်အား ရအောင်ယူ၍ နောက်နေ့တွင်ပုံစံ အမျိုးမျိုးနှင့် ကြူချင်း ပင်ဖြစ်သည်။
Customer Care ဆိုသည်မှာ
ထိုကောင်မလေးနှင်.ရင်းနှီးမှုစရ ပါက ကိုယ့်ကို တချိန်လုံးစိတ်တွင်ရှိနေစေရန် များများအာ၍ ဂရုစိုက်သလိုလုပ်ပြချင်းဖြစ်သည်။
ထိုအချိန်တွင် ကောင်မလေးဘက်မှ ကိုယ့်အကြောင်းသိကာဒေါပွပြီး ပြစ်ပြစ်နှစ်နှစ်ဆဲဆိုကာ ပါးကို ဘယ်ပြန်ညာပြန် ရိုက်သွားပါက Customer Feedback ဟု မှတ်ယူပါလေ။
ဆက်ဖတ်ရန်>>>
ပါတီတစ်ခုသို့သွား ရင်းနှင်. ကိုယ်ကြိုက်တဲ့ ခပ်မိုက်မိုက်ကောင်မလေးတစ်ယောက် ကိုတွေ့သည့်အခါ ကိုယ်ကလည်းချမ်းသာသည်ဆိုပါဆို့။
ကောင်မလေးထံသို့သွား၍ ကိုယ်ချမ်းသာကြောင်း ပြောပြီးလက်ထပ်လိုကြောင်းသွားပြောတာမျိုး ဖြစ်သည်။
Advertising ဆိုသည်မှာ
သူနှင်.ရင်းနှီးသော ကိုယ်၏သူငယ်ချင်းမအားမိတ်ဆက်ခိုင်း၍
ထိုကောင်မလေးအား ကိုယ့်ကောင်းကြောင်းများကိုသာ ပြောစေချင်းဖြစ်သည်။
Telemarketing ဆိုသည်မှာ
တနည်းနည်းနှင်. ကောင်မလေး၏ ဖုန်းနံပါတ်အား ရအောင်ယူ၍ နောက်နေ့တွင်ပုံစံ အမျိုးမျိုးနှင့် ကြူချင်း ပင်ဖြစ်သည်။
Customer Care ဆိုသည်မှာ
ထိုကောင်မလေးနှင်.ရင်းနှီးမှုစရ ပါက ကိုယ့်ကို တချိန်လုံးစိတ်တွင်ရှိနေစေရန် များများအာ၍ ဂရုစိုက်သလိုလုပ်ပြချင်းဖြစ်သည်။
ထိုအချိန်တွင် ကောင်မလေးဘက်မှ ကိုယ့်အကြောင်းသိကာဒေါပွပြီး ပြစ်ပြစ်နှစ်နှစ်ဆဲဆိုကာ ပါးကို ဘယ်ပြန်ညာပြန် ရိုက်သွားပါက Customer Feedback ဟု မှတ်ယူပါလေ။
ဆက်ဖတ်ရန်>>>
ဗိုလ်ချုပ်ကြေးရုပ် ပြောတဲ့ စကား
အချိန်ကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့  အိမ်စောင့်အစိုးရလက်ထက်ပေါ့။ သိတယ်မို့ လား။ အိမ်စောင့်တယ်ဆိုတာက ခွေးလေ။အိမ်စောင့်အစိုးရဆိုတော့….. :-D
အဲဒီ့ ခွေးအစိုးရ…အဲ…ယောင်လို့ …အိမ်စောင့်အစိုးရလက်ထက်မှာ ဗိုလ်မူး … အဲလေ..ယောင်လို့ … ဗိုလ်မှူးတယောက်က ကျန်းမာရေးအတွက် ရန်ကုန်က ကန်တော်ကြီးကို ပတ်ပြီးလမ်းလျှောက်သတဲ့။ တနေရာရောက်တော့ အဲဒီဗိုလ်မှူးက သူ့ ကိုခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဗိုလ်ချုပ်ကြေးရုပ်က လှမ်းပြီးခေါ်တာ ဖြစ်နေလို့ အရမ်းအံ့သြသွားသတဲ့။ အဲဒီဗိုလ်ချုပ်ကြေးရုပ်က မတ်တတ်ရပ်နေတဲ့ကြေးရုပ်ပါ။
ဗိုလ်ချုပ်ကြေးရုပ်။ ။“ငါဒီအတိုင်း ရပ်နေရတာ ညောင်းပြီကွာ၊ အဲဒါ”
စိတ်မြန်တဲ့ ဗိုလ်မှူးက ဗိုလ်ချုပ်ရဲ့ စကားဆုံးအောင်တောင်မစောင့်ဘူး။
“သိပြီ၊ ဗိုလ်ချုပ်။ ကျွန်တော်ဗိုလ်ချုပ်အတွက် ကုလားထိုင်တလုံး”
“သိပြီ၊ ဗိုလ်ချုပ်။ ကျွန်တော်ဗိုလ်ချုပ်အတွက် ကုလားထိုင်တလုံး”
ဗိုလ်ချုပ်လည်းရုတ်တရက်ဒေါသထွက်သွားပြီး အဲဒီ့ဗိုလ်မှူးရဲ့ စကားဆုံးအောင်မစောင့်တော့ပဲ “ဟေ့ကောင်၊တော်စမ်း…ငါလွတ်လပ်ရေးရအောင်လုပ်ခဲ့တာ ကုလားထိုင် မက်လို့ မဟုတ်ဘူးကွ။ တိုင်းပြည်ကိုချစ်လို့ လုပ်ခဲ့တာ။ဒါပေမယ့် ငါရပ်နေရတာ ညောင်းပြီကွာ၊ တခြားကြေးရုပ်တွေလိုမြင်းစီးချင်တယ်။”
သိတဲ့အတိုင်းပဲဗျာ။သာမန်ဗိုလ်မှူးလေးမှာက ဘာအာဏာပါဝါ မှမရှိဘူးလေ။ ဒီတော့ဦးနေဝင်းကြီးကိုတင်ပြရတော့တာပေါ့။ဒါပေမယ့်ဦးနေဝင်းကြီးက ဗိုလ်ချုပ်ကြေးရုပ်က စကားပြောတယ် ဆိုတာကိုမယုံဘူးတဲ့။ သူကိုယ်တိုင်မေးမယ်ဆိုလို့ ဗိုလ်မှူးလေးလဲ သူ့ ကို ဗိုလ်ချုပ်ကြေးရုပ်ဆီ ခေါ်သွားရတော့တာပေါ့။
အဲဒီမှာ ပြဿနာ စတက်တော့တာပဲ။ဗိုလ်ချုပ်ကြေးရုပ်က ဦးနေဝင်းကြီးကိုလဲမြင်ရော ဗိုလ်မှူးလေးကိုဒီလိုလှမ်းပြောလိုက်သတဲ့ “ဟေ့ကောင်၊ ငါစီးချင်တာမြင်းကွ၊ မင်းကဘာလို့ နွားကြီး ခေါ်လာရတာလဲ”။ ။ :-D
ဆက်ဖတ်ရန်>>>
Monday, January 3, 2011
တဘောင် စကားများ
သာသနာတ၀က်ခရီးမှာလ
မြန်မာတွေ ကနက်ထီးတွေနဲ့
ပျက်စီးဘို့ အရေးကြုံ?
ရွှေပေးလို့ သူမယုံ
ငွေပေးလို့ သူမယုံ
နေကုန်အောင်အများ?
တံတားတွေ တွင်တွင်ဆောက်ပါလို့
ဘုရားတွေရင်ပြင်မောက်ရင်ဖြင့်
တပါးပြည်ဝင်ကာ နှောက်ပါလို့--။
မြန်မာတွေ ကနက်ထီးတွေနဲ့
ပျက်စီးဘို့ အရေးကြုံ?
ရွှေပေးလို့ သူမယုံ
ငွေပေးလို့ သူမယုံ
နေကုန်အောင်အများ?
တံတားတွေ တွင်တွင်ဆောက်ပါလို့
ဘုရားတွေရင်ပြင်မောက်ရင်ဖြင့်
တပါးပြည်ဝင်ကာ နှောက်ပါလို့--။
-----------------------------------------------------
တပါးပြည်ဝင်ကာ မနှောက်ရအောင်
ပြည်တော်ပြန် စုငယ်ထွေးကို
ပြည်တော်ပြန် စုငယ်ထွေးကို
နန်းအပ်မှအေး။
(ယော အတွင်းဝန် ဦးဖိုးလှိုင်)အယူတော်မင်္ဂလာဦးနိုး၏တဘောင်
တပင်ဆံ ခ၀ါချပြီမို့
နာကြတဲ့ အသီးတွေ၊ တွန့်လို့သာကြွေ။
အသီးတွေ ရာသီပြောင်း
သာသနာမောင်းရှေ့ကဆော်
ဒေါင်းတွေကအော်။
ဒေါင်းအော်ရင်မနေသာ၊ သူလာပါလိမ့်လေး?
ရှေ့နေထွက်လျက်မှောင်ကြတယ်
သန်းခေါင်လကွယ်ထက်ဆိုး။
ခြင်္သေ့မင်းက ထမ်းပိုးကြွယ်
တိုးလို့ကွယ်ပျက်လိမ့်ဦး?
ဂူပုန်းတဲ့ခင်ကြီးပျော်တို့ရယ်
သမီးတော် လွှတ်လိုက်ပါဦး။
ဇာဏီ ကြက်မ သူတွန်လျင်
ဇမ္ဗူတခွင် လင်းလို့မဆုံး။
နာကြတဲ့ အသီးတွေ၊ တွန့်လို့သာကြွေ။
အသီးတွေ ရာသီပြောင်း
သာသနာမောင်းရှေ့ကဆော်
ဒေါင်းတွေကအော်။
ဒေါင်းအော်ရင်မနေသာ၊ သူလာပါလိမ့်လေး?
ရှေ့နေထွက်လျက်မှောင်ကြတယ်
သန်းခေါင်လကွယ်ထက်ဆိုး။
ခြင်္သေ့မင်းက ထမ်းပိုးကြွယ်
တိုးလို့ကွယ်ပျက်လိမ့်ဦး?
ဂူပုန်းတဲ့ခင်ကြီးပျော်တို့ရယ်
သမီးတော် လွှတ်လိုက်ပါဦး။
ဇာဏီ ကြက်မ သူတွန်လျင်
ဇမ္ဗူတခွင် လင်းလို့မဆုံး။
( အယူတော်မင်္ဂလာ ဦးနိုး)
(ကုန်းဘောင်ခေတ် အယူတော်မင်္ဂလာ ဦးနိုးရဲ့ ကဗျာပါ။ခု အခြေအနေ နဲ့ ချိန်ထိုး ကြည့်နိုင်ကြဖို့ဖော်ပြပေးလိုက်ပါတယ်။)
(Posted by Zarganar)
-----------------------------------------------------------------------
အယူတော်မင်္ဂလာဦးနိုး၏တဘောင်(မူကွဲ)
တပင်တိုင် ခ၀ါချပါလို့
ကြွေကြတဲ့အသီးတွေ
တွန့်လို့သာကြေ။
အသီးကြွေ ရာသီပြောင်း
သာသနာမောင်း ရှေ့ကဆော်
ဒေါင်းတွေကအော်?
ဒေါင်းအော်ရင် မနေသာ
သူလာပါလိမ့်လေး?
တပင်တိုင် ခ၀ါချပါလို့
ကြွေကြတဲ့အသီးတွေ
တွန့်လို့သာကြေ။
အသီးကြွေ ရာသီပြောင်း
သာသနာမောင်း ရှေ့ကဆော်
ဒေါင်းတွေကအော်?
ဒေါင်းအော်ရင် မနေသာ
သူလာပါလိမ့်လေး?
ရှေ့နေထွက်လျက်မှောင်ကြတယ်
သန်းခေါင်လကွယ်ထက်ဆိုး။
သန်းခေါင်လကွယ်ထက်ဆိုး။
ခြင်္သေ့မင်းကတန်းခိုးကြွယ်
တိုးလို့ တကယ် ပျက်လိမ့်မဆုံး။
ဂူအောင်းတဲ့ ခင်ကြီး ပျော်ရယ်
သမီးတော်ကို လွှတ်လိုက်ပါဦး ။
သမီးတော်ကို လွှတ်လိုက်ပါဦး ။
ဇာဏီကြက်မ သူတွန်လျှင်
မြန်ပြည်တခွင် လင်းလို့ မဆုံး ။
“အယူတော်မင်္ဂလာဦးနိုး ၏တဘောင်မှ အနက်အဓိပ္ပါယ်များ “
တပင်တိုင်ခ၀ါချပါလို့ =
၁၉၈၈ခုနှစ် မဆလ တပါတီစနစ် ပျက်သုန်းချိန် ..။
ကြွေကြတဲ့အသီးတွေ၊တွန့် လို့ သာကြေ= တနိုင်ငံလုံးတွင်စစ်အာဏာရှင်လက်ကိုင်တုတ် လုံထိန်း-ရဲ-စစ်သား
စသည်တို့ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်သဖြင့် အပြစ်မဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေ သေခဲ့ကြရပြီး။
အသီးကြွေ ရာသီပြောင်း=
သေဆုံးခဲ့ရသူများပင် လူ့ ဘ၀ကူးပြောင်း အရွယ်ပြန်ရောက်ချိန်(၁၉နှစ်ခန့် 
ကြာပြီးနောက်)။
သာသနာမောင်း ရှေ့ က ဆော် =
၂၀၀၇ ခုနှစ် စက်တင်ဘာလ သာသနာ့ခေါင်းဆောင် သံဃာတော်အရှုင်မြတ်တို့  မေတ္တာပို့ သံများ ရှေ့ ထားလျှက် တပြည်လုံးအဆင်ပြေရေး နှိုးဆော် ဆန္ဒပြခဲ့ကြသည်။
ဒေါင်းတွေကအော်=
ခွပ်ဒေါင်းအလံကိုယ်စားပြု ကျောင်းသားလူငယ်တွေ ပါဝင်ခဲ့။
ဒေါင်းအော်ရင်မနေသာ ၊သူလာပါလိမ့်လေး=
သံဃာ့အရေးအခင်းအပြီး ဂန်ဘာရီ ဆိုသူ နိုင်ငံတကာအသိအမှတ်ပြု ကိုယ်စားလှယ် လာရောက်ခဲ့ ။
ရှေ့နေထွက်လျက်မှောင်ကြတယ်
သန်းခေါင်လကွယ်ထက်ဆိုး=
သန်းခေါင်လကွယ်ထက်ဆိုး=
သဘာဝအားဖြင့် တိုးတက်ကြီးပွားရမည့် မြန်မာပြည်သည် စစ်အာဏာရူးတို့ ကြောင့် ဆုတ်ယုတ်ပျက်စီးခြင်းသို့ သာရောက်နေရပါသည်။
ခြင်္သေ့မင်းကတန်ခိုးကြွယ် ၊ တိုးလို့ တကယ် ပျက်လို့ မဆုံး =
ဘာဖြစ်နေနေ ခွေးခြင်္သေ့မင်းတံဆိပ်ပုံပါ နအဖလက်ကိုင်တုတ် ကြံ့ဖွတ် အဖွဲ့ ကြီးကတော့
လူထုထံက မတရားရယူထားတဲ့ ငွေတွေနဲ့  အတုအယောင် လူထုထောက်ခံပွဲတွေလုပ်လေလေ..ပြည်သူကိုနှိပ်စက်လေလေ… တိုင်းပြည် ဒီ့ထက်တိုးလို့ ပျက်လို့ မဆုံး ရှိလေပါပဲ။
ဂူအောင်းတဲ့ ခင်ကြီး ပျော်ရယ် ၊သမီးတော်ကို လွှတ်လိုက်ပါဦး =
စွန်းလွန်းဂူ၊သဲအင်းဂူ အစရှိသော တရားစခန်းမှ ဆရာတော်ကြီးများက
အကျဉ်းကျနေသော ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးတော်ကိုလွှတ်ရန်
မေတ္တာရပ်ခံကြိုးပမ်းကြမည်။
ဇာဏီကြက်မ သူတွန်လျှင၊် မြန်ပြည်တခွင်လင်းလို့ မဆုံး=
လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်များကြောင့်
မြန်မာပြည်ကြီး တိုးတက်စည်ပင် လင်းလက် လို့ မဆုံးတော့ပါ ။
ဆက်ဖတ်ရန်>>>
Sunday, January 2, 2011
ကမ္ဘာပျက် ကမ္မဌာန်း
ကမ္ဘာပျက် ကမ္မဌာန်း
လူတွေအားလုံး
ပုခုံးပေါ်က အိမ်စာ တွေကိုချ
နေ့ရွှေ့ညရွှေ့ ဆန္ဒတချို့ကို
ခဏလေးဖြစ်ဖြစ် အကောင်အထည်ဖော်ခွင့်ရဖို့ 
ကမ္ဘာပျက်ဖို့ ကိုပဲ ဆုတောင်းပေးရတော့မလိုလို…
သြော်…လူဆိုတာ
မလွန်ဆန်နိုင်တဲ့ အခြေအနေတွေအောက်မှာ
ကိုယ့်စိတ်ကိုယ် ခဏခဏ
သစ္စာဖောက်ဖောက်နေကြရတဲ့ သတ္တဝါတွေပါလား။
စိတ်ကို ထိန်းချုပ်သင့်တယ် ဆိုပေမယ့်လည်း
ချွန်းအုပ်လိုက်ရသမျှ စိတ်တိုင်းဟာ
ဆင်ရိုင်းတော့ မဟုတ်ခဲ့ပါဘူး။
တခါတခါဆို
အခြေအနေတွေကို ငဲ့ပြီး
ချိုးလိုက်ရတဲ့ အညွန့် လေးတွေထဲမှာ
အပြစ်ကင်းတဲ့ စိတ်ကူးလေးတွေနဲ့ 
ချစ်ခြင်းရဲ့  ‘အရိပ်ဦး’လေးတွေတောင် ပါသွားတတ်တယ်။
ပညာရှိတယောက်ကတော့ ဆိုတယ်။
သင်ဟာ သင်ပီသဖို့ နဲ့ 
ရလာသမျှ စက္ကန့် တိုင်းကို တန်ဖိုးထားတတ်ဖို့ 
နေနေရတဲ့ နေ့ တိုင်းကို
နောက်ဆုံးနေ့ လို့ သဘောထားဖို့ လိုသတဲ့။
အဲဒီ့ အဆိုကို
အပြည့်အဝ မထောက်ခံလို ပေမယ့်
တခါတခါ…ကိုယ့်သတိ ကိုယ်ပြန်နှိုးဖို့ 
အဲလို ကမ္မဌာန်းမျိုးတော့ လိုမယ်ထင်တယ်။
တကမ္ဘာတည်းစီး တခရီးတည်းသွားတို့ ရေ…
တန်ဖိုးဆိုတာ ဆုံးရှုံးသွားမှ သိတတ်တာမို့ 
စိတ်ကူးလေးနဲ့ ခဏလောက် ရင်ဆိုင်ကြည့်ကြရအောင်။
စိတ်တံခါးကိုသာဖွင့်ထားလိုက်…
အခက်ဆုံးအခြေအနေမှ
မျက်လုံးတွေက
ပိုပြီးမြင်တတ်တာ။
ယုံပါတယ်
ငါတို့ အရည်အသွေးတွေဟာ
အခက်အခဲတွေနဲ့ သွေးပေးမှ
ပိုတောက်ပြောင်လာလိမ့်မယ် ဆိုတာ။
ဆက်ဖတ်ရန်>>>
လူတွေအားလုံး
ပုခုံးပေါ်က အိမ်စာ တွေကိုချ
နေ့ရွှေ့ညရွှေ့ ဆန္ဒတချို့ကို
ခဏလေးဖြစ်ဖြစ် အကောင်အထည်ဖော်ခွင့်ရဖို့ 
ကမ္ဘာပျက်ဖို့ ကိုပဲ ဆုတောင်းပေးရတော့မလိုလို…
သြော်…လူဆိုတာ
မလွန်ဆန်နိုင်တဲ့ အခြေအနေတွေအောက်မှာ
ကိုယ့်စိတ်ကိုယ် ခဏခဏ
သစ္စာဖောက်ဖောက်နေကြရတဲ့ သတ္တဝါတွေပါလား။
စိတ်ကို ထိန်းချုပ်သင့်တယ် ဆိုပေမယ့်လည်း
ချွန်းအုပ်လိုက်ရသမျှ စိတ်တိုင်းဟာ
ဆင်ရိုင်းတော့ မဟုတ်ခဲ့ပါဘူး။
တခါတခါဆို
အခြေအနေတွေကို ငဲ့ပြီး
ချိုးလိုက်ရတဲ့ အညွန့် လေးတွေထဲမှာ
အပြစ်ကင်းတဲ့ စိတ်ကူးလေးတွေနဲ့ 
ချစ်ခြင်းရဲ့  ‘အရိပ်ဦး’လေးတွေတောင် ပါသွားတတ်တယ်။
ပညာရှိတယောက်ကတော့ ဆိုတယ်။
သင်ဟာ သင်ပီသဖို့ နဲ့ 
ရလာသမျှ စက္ကန့် တိုင်းကို တန်ဖိုးထားတတ်ဖို့ 
နေနေရတဲ့ နေ့ တိုင်းကို
နောက်ဆုံးနေ့ လို့ သဘောထားဖို့ လိုသတဲ့။
အဲဒီ့ အဆိုကို
အပြည့်အဝ မထောက်ခံလို ပေမယ့်
တခါတခါ…ကိုယ့်သတိ ကိုယ်ပြန်နှိုးဖို့ 
အဲလို ကမ္မဌာန်းမျိုးတော့ လိုမယ်ထင်တယ်။
တကမ္ဘာတည်းစီး တခရီးတည်းသွားတို့ ရေ…
တန်ဖိုးဆိုတာ ဆုံးရှုံးသွားမှ သိတတ်တာမို့ 
စိတ်ကူးလေးနဲ့ ခဏလောက် ရင်ဆိုင်ကြည့်ကြရအောင်။
စိတ်တံခါးကိုသာဖွင့်ထားလိုက်…
အခက်ဆုံးအခြေအနေမှ
မျက်လုံးတွေက
ပိုပြီးမြင်တတ်တာ။
ယုံပါတယ်
ငါတို့ အရည်အသွေးတွေဟာ
အခက်အခဲတွေနဲ့ သွေးပေးမှ
ပိုတောက်ပြောင်လာလိမ့်မယ် ဆိုတာ။
ဆက်ဖတ်ရန်>>>
နှစ်သစ် ၂၀၁၁
ဘာပဲဖြစ်ဖြစ်ပေါ့ ငါ့အတွက်တော့
၂၀၁၁ ဟာ ပျော်ရွှင်မှုတွေကို
သယ်ဆောင်လာမလား
ကြေကွဲခြင်းတွေနဲ့ပဲ ဆက်လက်အဆုံးသတ်အုံးမှာလား
သေချာတာတစ်ခုကတော့
မင်းပေးတဲ့ဆုပေါ်မှာ မူတည်နေပါတယ်ကွာ- - -
ပျော်ရွှင်စရာတွေရှိတဲ့
ပျော်ပွဲရွှင်ပွဲနေ့တွေမှာ
အမြဲတမ်းလက်နက်ချ အရုံးပေးလက်မြှောက်ခဲရတဲ့ ငါ့ဘဝ
၂၀၁၁ နှစ်သစ်မှာ ဆက်မဖြစ်ပါစေတော့နဲ့လို့
ဆုတောင်းလျှက်နဲ့ - - - - -
ဆက်ဖတ်ရန်>>>
၂၀၁၁ ဟာ ပျော်ရွှင်မှုတွေကို
သယ်ဆောင်လာမလား
ကြေကွဲခြင်းတွေနဲ့ပဲ ဆက်လက်အဆုံးသတ်အုံးမှာလား
သေချာတာတစ်ခုကတော့
မင်းပေးတဲ့ဆုပေါ်မှာ မူတည်နေပါတယ်ကွာ- - -
ပျော်ရွှင်စရာတွေရှိတဲ့
ပျော်ပွဲရွှင်ပွဲနေ့တွေမှာ
အမြဲတမ်းလက်နက်ချ အရုံးပေးလက်မြှောက်ခဲရတဲ့ ငါ့ဘဝ
၂၀၁၁ နှစ်သစ်မှာ ဆက်မဖြစ်ပါစေတော့နဲ့လို့
ဆုတောင်းလျှက်နဲ့ - - - - -
ဆက်ဖတ်ရန်>>>
Subscribe to:
Posts (Atom)





