Contact

Tuesday, December 28, 2010

သိလျှက် မကောင်းမှု့ကိုလုပ်ခြင်း၊ မသိဘဲ မကောင်းမှု့ကိုပြုခြင်းပြဿနာ

 မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ကို
လူတယောက်သည် သိလျှက် မကောင်းမှု့ကိုပြု၏၊
အခြားလူတယောက်ကတော့ မသိမှု၍ မကောင်းမှု့ကိုပြု၏၊
အဘယ်သူ၏ မကောင်းမှု့ကံသည် ပိုများပါသနည်း ဟုမေးမြန်းလျှောက်ထား၏၊
နာဂသိန် အရှင်သူမြက်က မင်းကြီး အကြင်သူသည် မသိမူ၍ မကောင်းမှု့ကံ ပြုလုပ်၏၊ ထိုမသိမူ၍ မကောင်းမှု့ကံပြုသူ၏ မကောင်းမူ့သည် ပို၍များပြား၏ ဟုပြန်လည်ဖြေကြား၏၊

မင်းကြီးက အရှင်ဘုရား နာဂသိန် ဒါဆိုလျှင် ကျွန်တော်မျိုးတို့၏ နန်းတွင်းမှာ မင်းညီမင်းသားသည်လည်းကောင်း မူးမတ်သည်လည်ကောင်း မသိမူ၍ မကောင်းမူ့ကံ ပြုလုပ်အံ့ ၊ ထိုသူအား နှစ်ဆသော ဒဏ်ကိုပေးရပါကုန်အံ့လောဟု လျှောက်၏၊ မင်းကြီး
သင့်ကိုငါမေးပါရစေ၊
လူတယောက်သည် ရဲရဲတောက်ပြိးပူလောင်နေသော အလျှံတပြောင်ပြောင်တောက်လောင်နေသော မီးနှင်င့်္တကွသော သံခဲ သံတုံးကို တစ်ယောက်သောသူသည် သိလျှက်ကိုင်၏၊
တယောက်သောသူကတော့ မသိမူ၍ အားရပါးရဆုပ်ကိုင်ရာ၏ အဘယ်သူကို ပြင်းထန်စွာလောင်ရာသနည်းဟု မေးတော်မူ၏၊
အရှင်းဘု၇ား အကြင်သူသည်ကား မသိမူ၍ ဆုပ်ကိုင်ရာ၏၊ ထိုသူအား ပြင်းထန်စွာလောင်ရာပါ၏ ဟုလျှောက်၏၊
မင်းကြီး ထိုအတူသာလျှင် အကြင်သူသည် မသိမူ၍ အကုသိုလ်မကောင်းမူ့ကို ပြုလုပ်၏၊ ထိုသူအားမကောင်းမူ့ အကုသိုလ်ကံသည် များပြား၏ဟု ဖြေကြားတော်မူ၏၊
အရှင်ဘုရားနာဂသိန် သင့်မြက်လျှော်ကံကောင်းမြက်လှပါ၏ ဟုလျှောက်လေတော့၏၊
          ကျွန်တော်အနေဖြင့် ဘဝပေးအခြေအနေကြောင့် အလုပ်မျိုးစုံ လုပ်ကိုင်နေကြရသော သူငယ်ချင်များအပါအဝင် လူတချို့ဟာ ဘာသာရေးစာအုပ်ဖက်ဖို့ တရားနာယူဖို့ တွန့်နေတက်ကြပါသည်၊ အထက်ပါ အမေးအဖြေကို ဖတ်ရူ့ထောက်ဆကြည့်သောအားဖြင့် ဘာပဲဖြစ်ဖြစ် လေ့လာကြားနာ သင့်သည်ဟု သိစေသဘောပေါက်စေလိုပါသည်၊ ဒါမှသာလျှင် တလုံးတလေမှတ်မိလေ လျှင်လည်း တဖြည်းဖြည်းဖြင့် အသိပညာတိုးပွါးကာ လောကီအကျိုး လောကုတ္တရာအကျိုး တိုးပွါးပါစေ စိတ်စေတနာဖြင့် ….
အမေး မိလိန်၊ အဖြေ နာဂသိန်ဟု ကျမ်းစာအုပ်တအုပ်အနေဖြင့် ရှိနေသည့်အတွက်ကြောင့် စာအုပ်ကြီးကိုင်ပြီးကြည့်ဘို့ အခြေအနေ မပေးသူတို့အတွက် ဗဟုသုတအဖြစ်တင်ပြရခြင်းဖြစ်ပါသည်၊။

No comments:

Post a Comment