Contact

Tuesday, December 28, 2010

ရှင်းသန့်လင်္ကာ တဲ့ကွ တစ်ယောက်တည်းရှိတယ်

ရှင်သန့်လင်္ကာတို့ကတော့အခြေခံပညာမူုလတန်းအရွယ်စတက်ကတည်းကစပြီးမိဘခေါ်ခံရတဲ့အထိပြဿနာနဲ့စခဲ့ရပြီလေ..........
ကျောင်းစတက်တဲ့ပထမနေ့မှာပင် .................. မြန်မာစာသင်ကြားသောဆရာမနှင့်ရှင်းသန့်လင်္ကာတို့ရဲ့ပြဿနာအစရဲ့ဇာတ်
လမ်းကဒီလို  .....................

ဆရာမ                 ........................ . ရာမကတော့မင်းတို့လေးတွေကို မြန်မာစာသင်ကြားပေးမဲ့ ဆရာမ ပဲဖြစ်ပါတယ်
                                                        ကလေးတို့ရေ မြန်မာစာမှာ ဗျည်းအက္ခရာ 33 လုံးရှိပါတယ်..ကလေးတို့သိကြပါသလား
ရှင်းသန့်လင်္ကာနှင့်အတန်းသူအတန်းသားများ .................... ဟုတ်ကဲ့သိပါတယ်ဆရာမ
ဆရာမ                ..........................    ဒါဆိုဆရာမက ဗျည်းအက္ခရာလေးတွေကိုသရုပ်ဆောင်ပြီး ပြမယ့်မှန်အောင်ဖြေနိုင်ပါ့
                                                        မလား
ရှင်းသန့်လင်္ကာနှင့်အတန်းသူအတန်းသားများ ................. ဖြေနိုင်ပါတယ်ဆရာမ
ဆရာမ              ............................ ဒါဆိုစမယ်နော် ............... ပထမဦးဆုံးဆိုပြီး ဆရာမကလက်နှစ်ချောင်းကိုလှုပ်ပြီး
                                                     ချိတ်ဆွဲသလို ကိုယ်လုံးလေးတစ်ပတ်လှည့်ပြီးသရုပ်ဆောင်ပြတယ်လေ........... ပြီးတော့
                                                     ကလေးတို့ရေဆရာမအခုဘာလုပ်ပြတာလဲ ........... အဲ့ဒီအက္ခရာနာမည်ကိုပြောပြပါတဲ့
ရှင်းသန့်လင်္ကာ  ............................   ဆရာမကနန့်နေတာပဲ ........ ကတာမှမဟုတ်တာ ........... ဘယ်လိုလုပ်ရမယ်ဆိုတာ
                                                     သမီးပြမယ်ဆိုပြီးကပြလိုက်တယ်တဲ့နောက်ပြီးတော့ ဆရာမကမြန်မာလူမျိုးဖြစ်ပြီး
                                                     ယဉ်ကျေးမှုကိုနားမလည်ဘူးတဲ့လေ .... ဆရာမကစပြီးဒီလိုလုပ်နေမှတော့သွားပြီးပေါ့
                                                     ဆရာမရယ်လို့ပြန်ဖြေတယ်လေ .................................

သူငယ်ချင်းတို့ရေစဉ်းသာစဉ်းစားကြည့်ကြပါတော့ခလေးကတောင်ဆရာမကိုပြောပြနေတာ....... အပြင်မှာလည်းဒီလိုပုံစံမျိုး
တကယ်ရှိလို့ကျွန်တော်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်...... သူငယ်ချင်းတို့ကြားဖူးမှာပါစကားတစ်ခွန်းလေကိုယ့်ထက်ငယ်ရင်
ကိုယ်ထက်လည်တယ်ဆိုတာလေ ............ ကျွန်တော်သူငယ်ချင်းဆရာမတစ်ယောက်ရဲ့စကားကိုပုံဖော်တင်ပြလိုက်သည်

နောက်တစ်ပုဒ်ကတော့ ဒီလိုဗျ ..................... အပြင်မှာတကယ်ရှိတာနော်

ရှင်းသန်လင်္ကာ အလယ်တန်းကျောင်းသူဖြစ်တုန်းကပေါ့ သူတို့ကျောင်းမှာဆောင်းတွင်းပိုင်းမှာဆရာမကနှုတ်ခမ်းကွဲတဲ့ဒဏ်
ကိုခံနေရတယ်လေ........... အဲ့ဒီအချိန်မှာပဲကျောင်းသားသစ်တစ်ဦးနဲ့ကျောင်းသားသစ်ရဲ့ဦးလေးအုပ်ထိန်းသူတို့ရောက်ရှိချိန်
အချိန်ကာလမှာပေါ့ ............ ဒါနဲ့ဆရာမကစာသင်အပြီးအတန်းသူအတန်းသားများကိုလေ့ကျင့်ခန်းလုပ်ပြီးလာပြရန်ပြောပြီး
လက်ဆွဲခြင်းထဲမှနှုတ်ခမ်းကွဲလို့နှုတ်ခမ်းနီတောင့်ကိုမှန်ကလေးထုတ်ပြီးနှုတ်ခမ်းနီဆိုးတယ်လေ........ဒါကိုရှင်းသန့်လင်္ကာက
လေ့ကျင့်ခန်းသွားပြတဲ့အချိန်ကျောင်းသားသစ်နှင့်သူဦးလေးတို့ရှိနေတဲ့အချိန်ဆရာမနှုတ်ခမ်းနီဆိုးတဲ့အချိန်နဲ့သွားပြီးတိုက်
ဆိုင်နေတယ်လေ .......... ဒါနဲ့ရှင်းသန့်လင်္ကာပြောဆိုပုံလေးကဒီလို........... ဆရာမကလည်းလှချင်လိုက်တာနဲ့လူရှေ့သူရှေ့
တောင်မရှောင်ဘူး ........... သမီးတို့အိမ်မှာဆိုသမီးဖေဖေကသမီးမေမေကိုသမီးရှေ့မှာနော်မိတ်ကပ်လိမ်းတာတို့နှုတ်ခမ်းနီ
ဆိုတာတော့မလုပ်ပြနဲ့တဲ့ဒီအရွယ်ကလှချင်တဲ့အရွယ်တဲ့လေအတုမြင်အတက်သင်နေဦးမယ်လို့အမြဲတမ်းအဖေကပြောနေကြ
ဆရာမကျတော့မဟုတ်ပါဘူးတဲ့ကလေးတွေကိုတောင်အတက်သင်နေတာပေါ့လေလို့ပြောတယ်လေ .....................
ဒီအချိန်မှာကျောင်းသားသစ်ရဲ့ဦးလေးရယ်တာဗိုက်ကျော့တောင်နာတယ်တဲ့လေ...........
ဆက်ဖတ်ရန်>>>

နိဗ္ဗာန်ရောက်ခြင်း မရောက်ခြင်းဟူသည်...

နိဗ္ဗာန်သည် ထင်ရှားရှိ၏။ နိဗ္ဗာန်ရောက်ကြောင်းလည်း ထင်ရှားရှိ၏။ လမ်းပြသူ အရှင်ဘုရားလည်းရှိ၏။ သို့ပါလျက် အဘယ့်ကြောင့်အချို့ ရကြ၍ အချိုမရကြပါသနည်း။
ပုဏ္ဏား …. သင်သည် ရာဇဂြိုဟ်သို့ သွားသောလမ်းကိုသိသလော´´
``သိပါသည်အရှင်ဘုရား´´
``လူတစ်ယောက်သည် သင့်အား ရာဇဂြိုဟ်ပြည် သွားရာလမ်းကို ညွှန်ပြပါဟုမေးလာခဲ့သော် သင်က ဘယ်လမ်းကနေ ဘယ်လိုသွား၊ ဘယ်ကိုရောက်လိမ့်မည်ဟု ညွှန်ပြ၏။ သင်ပြောသည့်အတိုင်း အသွားဘဲ၊ လမ်းလွဲလိုက်ကာ ပြန်လာ၏။ တစ်ယောက်ကမှု သင်ညွှန်ပြသည့်အတိုင်းသွား၍ ရာဇဂြိုဟ်ပြည်သို့ ရောက်၏။ ပုဏ္ဏား ရာဇဂြိုဟ်လည်း အထင်အရှားရှိ၏။ ရာဇဂြိုဟ်ပြည်သို့ သွားရာလမ်းသည်လည်း အထင်အရှားရှိ၏။ ညွှန်ပြသူ သင်ပုဏ္ဏားလည်း အထင်အရှားရှိ၏။ သို့ဖြစ်ပါလျက် တစ်ယောက်ကရာဇဂြိုဟ်ပြည်သို့ ရောက်၍ တစ်ယောက်မှာ အဘယ့်ကြောင့် မရောက်ဘဲရှိသနည်း´´
``အရှင်ဘုရား၊ မတတ်နိုင်ပါ၊ တပည့်တော်သည် လမ်းပြတတ်သူသာ ဖြစ်ပါသည်´´
´´ပုဏ္ဏား၊ ထို့အတူပဲ၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလည်းရှိ၏။ ညွှန်ပြဆုံးမတတ်သူ ငါဘုရားလည်းရှိ၏။ သို့ဖြစ်ပါလျက် အချို့မှာ နိဗ္ဗာန်ရကြ၍ အချို့မှာမရခြင်းသည် ငါဘုရားအပြစ်မဟုတ်ပါ။ ငါသည်လည်းနည်းပေးလမ်းပြ ဆုံးမတတ်သူသာ ဖြစ်ပါသည်။

(ဗုဒ္ဓ-ဥပရိပဏ္ဏာသဂဏမောဂ္ဂလ္လာနသုတ်)
ဆက်ဖတ်ရန်>>>

ငါကကောင်းပါတယ် သူကသာ........

         လူဆိုတာအနေအထား တစ်ခုစီတော့ရှိကြတဲ့ သူတွေချည်းပါဘဲ၊ အနေအထားဆိုတာကလဲ လူမှု့ရေး ပညာရေး ရာထူဂုဏ်သိန် စည်းစိမ်..စသည်ဖြင့်ပေါ့လေ၊ ရှိခဲ့ပြီလား အနေအထားကိုဘဲဖြစ်ဖြစ် ယခုလက်ရှိအနေအထားကိုဘဲဖြစ်ဖြစ် ကိုယ့်အနေအထားကို ကိုယ်ထင်သာထင်ပြီး ထင်မာနတံတိုင်း ကိုယ့်ကိုယ်ကိုဝိုင်းခတ်လိုက်ပြီဆိုလျှင် မလွတ်လပ်တော့ဘူးပေါ့၊ ပါတ်ဝန်းကျင်နဲ့လည်းကင်းကွာသွားတတ်တယ်၊ မကင်းပြန်လည်း အဆင်ပြေမှု့ နည်းလာတက်တယ်။ အဆင်ပြေမှု့နည်းလာတဲ့အခါ ကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်အပေါ်မှာ ဆက်ဆံရေးကျဲလာတော့ ပါတ်ဝန်းကျင်ကလည်း ကိုယ့်အပေါ်မှာ ရှောင်ဖယ်လာပြီပေါ့၊ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းပြောတာကိုသတိရမိတယ်၊ “ကျောင်းသူကျောင်းသားဆိုတာ ကျောင်းကသင်ပေးလိုက်တဲ့ ပညာလေးနဲ့ မလုံလောက်ဘူး၊ ဘဝတက္ကသိုလ်ဆိုတဲ့ ကျောင်းတော်ကြီးမှာ ဆက်လက်ပြီးမျက်စိဖွင့် နားစွင့်ပြီးအစွမ်းကုန်လေ့လာလိုက်စားဘို့လိုသေးတယ်” ဆိုတဲ့စကားလိုပါဘဲ။
ပါတ်ဝန်းကျင်နဲ့ တဖြည်းဖြည်းကင်းဝေးလာပြီဆိုရင် ဘဝတက္ကသိုလ်ကျောင်းတော်ကြီးမှာ ကိုယ့်ပါတ်ဝန်းကျင်အသိုင်းအဝိုင်းဆီက ရရှိနိုင်တဲ့ အတွေ့အကြုံ ဗဟုသုတ မှန်သမျှတွေဟာ ပါတ်ဝန်းကျင်နှင့် ကင်းးဝေးနေသမျှ မရနိုင်တော့ပါ၊ ဘယ်အရပ်ဘယ်ဒေသ ဘယ်နေရာမှာဘဲရောက်ရောက် ဘယ်လိုလူစားမျိုးနဲ့တွေ့တွေ့ ကိုယ်စိတ်ထဲက ကိုယ်ဆက်ဆံနေတဲ့သူကို
မကောင်းဘူးလို့ထင်ခဲ့ရင် ကင်းအောင်နေလိုက်ပါ၊
မကင်းနိုင်ဘူးဆိုရင်လည်း ကောင်းအောင်နေလိုက်ပါ။
သူသူငါငါ လူသားမှန်သမျှဟာ အတ္တလူသားတွေပီပီ ကိုယ့်ဘက်ကိုအလေးပေးတဲ့ အတွေးများစွာဖြစ်တက်ပါတယ်၊ ငါကကောင်းပါတယ် သူကသာ….ဆိုတဲ့ အတွေးရှိနေသမျှ စိတ်ချမ်းသာပါတယ်ဆိုတဲ့ ကိုယ့်ဘဝတကယ်စိတ်မချရသေးပါလို့ ပြောချင်ပါတယ်။
ကိုယ့်က သူအပေါ်ဘယ်နှစ်ခါကောင်းပြီးပြီလည်း သူ့အပေါ်ကောင်းခဲ့ပါတယ်ဆိုတုန်းကရော တစ်သက်လုံးအတွက် ဘာမှမျှော်လင့်ချက်မထားဘဲနဲ့ ကောင်းခဲ့ရဲ့လား မျှော်လင့်ချက်ဆိုတာကလည်း ပစ္စည်းဥစ္စာအနေနဲ့ မဟုတ်တောင် ရုပ်တရက်တွေ့ကြတဲ့အခါမှာ ကိုယ့်ကိုလူထဲကလူ တမူထူးခြားပြီး နှုတ်ဆက်ခံ အပြုစုခံချင်တာကအစ….ပြောရရင်တော့အများကြီးပေါ့။
တုန့်ပြန်မှု့မှန်သမျှ တောင့်တတဲ့စိတ်မကင်းရင် ရင်ထဲမှာမရှင်ဘူး၊ မျှော်လင့်ချက်ကင်းကင်းနဲ့ စိတ်ထဲမှာ ရှင်းရှင်းကောင်းနိုင် တဲ့တနေ့ရောက်လာတဲ့အခါ ငါကကောင်းပါတယ် သူကသာ…..ဆိုတဲ့အတွေးဝေးပြီးတော့ ၊ သူကကောင်းပါတယ် ငါကသာ ဆိုတဲ့အတွေးမျိုးတိုးလာပြီဆိုရင် တစ်ဆင့်တက်လာတာပါဘဲ။
ဘာကြောင့်တဆင့်တက်လာတာလည်းလို့ပြောရရင်
တွေ့ကြုံလာတဲ့ ပြဿနာတခုအပေါ်မှာ လူယုတ်မာသည် သူတပါးပေါ်အပြစ်တင်၏။
သူတော်ကောင်းသသည် မိမိကိုသာ အပြစ်တင်၏၊
သူတော်ကောင်းစစ်စစ်ကြိးတိုမှာမူ မိမိသူတပါး နှစ်ဦးသားအပေါ်မှာ အပြစ်မတင် အပြစ်မမြင်ကြတော့ပေ။
ဘာကြောင့်လည်းဆိုတော့ အကောင်းအဆိုးမှန်သမျှဟာ အကြောင်းအကျိုးနဲ့စပြီး အကြောင်းအကျိုးနဲ့ အဆုံးသက်တာဘဲလို့ ဆက်ဆံတာကို လက်ခံသွားကြလို့ပေါ့၊
အဲဒီတော့ လူတိုင်းလူတိုင်းဟာ မိမိရရှိထားတဲ့အနေအထားကိုလှေကားတစ်သဖွယ် အသုံးချရမှာပါ၊ လှေကားဆိုတာ အပေါ်ကိုမြင့်သထက်မြင့်အောင် တက်တဲ့နေရာမှာ အသုံးချခံပစ္စည်းဖြစ်သလို မိမိတို့ကလည်း ရရှိထားတဲ့လူ့ဘဝ၊ သင်ယူထားတဲ့ ပညာ၊ ရှာဖွေထားတဲ့ စည်းစိမ်နဲ့ ရာထူးဂုဏ်သိမ်အပေါ်မှာ အခြေခံပြီး အနေကြပ်မဲ့ ဘောင်ခတ်တာမျိုး မလုပ်ဘဲနဲ့ အနေအထားကို လှေခါးထစ်သဖွယ် သဘောထားပြီး စိတ်ဓါက်မြင့်ရင် မြင့်သလောက် ခရီးပေါက်နိုင်တဲ့ အခွင့်အလမ်း သင့်လက်တကမ်း ရှိနေပြီဆိုမှဖြင့်….
ငါကကောင်းပါတယ် သူကသာ…..လို့တွေးနေမည့်အစား
သူကကောင်းပါတယ် ငါကသာ…..ဆိုတဲ့အတွေး နေရာလေးများပေးလိုက်ရင်……
ဆက်ဖတ်ရန်>>>

ကောသလမင်းအိမ်မက် ၁၆ ချက်နဲ့ ယနေ့အခြေအနေ…..

လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၄ နှစ်ခုနှစ်က ကာသိတိုင်း၊ ကောသလတိုင်း နှစ်တိုင်းကိုအုပ်ချုပ်တဲ့ ကောသလမင်းကြီး တစ်ညမှာ အိပ်မက်မက်တယ်၊ အိပ်မက်မက်ပြိးနောက်ပိုင်းသူမပျော်နိုင်ဘူး။ စိတ်မချမ်းသာဖြစ်နေတာကိုကြည့်ပြီး မိဘုရားကြိးကိုပြောပြတယ်၊

မိဘုရားကြီး တိုက်တွန်းချက်အရ ကောသလမင်းကြီး သွားရောက် လျှောက်ထား၍ မြတ်စွာဘုရားက အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော် မူ၏ ။

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလားဥဿဘတို့သည်လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ဘဲသာလျှင် ဖဲလေကုန်သည်ဟုမြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည်ရွာအံ့သကဲ့သို့ ထစ်ကြိုးလျက် မရွာဘဲသာလျှင် ပျောက် ပျက် ကုန်လတ္တံ့။ ထိုအခါကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါးငတ်မွတ်ခြင်းဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြသီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျားမိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင်အိမ်ထောင်ပြုခြင်း၊သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမစသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီးသားမက်ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍လှည်းတို့ကို လည်း ဆွဲခြင်းငှာမတတ်နိုင်သည်ကို မြင်မက်ပါသည်။

အိပ်မက်အဖြေ။ ။နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီးဝါကြီး ပညာရှိကုန်သောသူတို့အား အမတ်၊ တရားသူကြီး စသောရာထူး စည်းစိမ် တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာခန့်ထားကြလတ္တံ့။
ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကိုစွန့်ကြ လတ္တံ့ ။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြ သည်နှင့် မင်းနှင့် တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့ ။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကိုခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။

အိပ်မက်အဖြေ၊ ။နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကိုစား၍ အမှုတို့ကိုမမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတစ်သိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။

အိပ်မက်အဖြေ၊ ။နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည်အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝချမ်းသာကြလတ္တံ့။ ထိုအခါအမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ မိမိတို့သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍အသက်မွေး ကြကုန်လတ္တံ့။

(၇) တစ်ယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ထား၏။ ထိုအင်းပျဉ်အောက်၌ရှိသော ဆာလောင် သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင်ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။

အိပ်မက်အဖြေ။ ၊နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျား သည် ဆင်းရဲငြိုငြင် စွာ ရှာဖွေစုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌လည်းကောင်း ၊ သောက်စား ကစားခြင်းတို့၌ လည်း ကောင်း၊ အပျော်အပါးတို့၌လည်းကောင်း ၊ သဘောက်လင်ငယ် ထားခြင်းတို့၌ လည်းကောင်း အရမ်းမဲ့ လျှင်ဖြုန်းတီးလေလတ္တံ့ ။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တစ်လုံးကိုမြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့် အိုးကြီးအတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ကျကုန်၏။ ဤသို့လျှင် အဖန်တလဲလဲရေပြည့်အိုး သို့သာ လောင်းလျှက် ရေမရှိသောအခြံအရံ အိုးတို့ အတွင်းသို့ကားမည်သူမျှ မလောင်း မထည့်ပဲ နေသည်ကိုမြင်မက်ပါသည်။
အိပ်မက်အဖြေ။ ။နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြ ကုန်လတ္တံ့။ ထိုအခါမင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။
ဆောင်ရွက် စေအံ့။ ထမ်းရွက်စေအံ့။ သို့ဖြစ်ရကား မင်းတို့၌သာပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ ပမာတစုံတရာ မရှိငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တစ်ခုတွင် သတ္တဝါတို့ ဆင်း၍ရေသောက်ကြ၏။ ကန်၏ အလယ်ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာသတ္တဝါတို့ နင်းရာ၌ ရေသည်ကြည်လင်၏ဟု မြင်မက်ပါသည်။

အိပ်မက်အဖြေ။ ။နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူးအပြားပြားသောအချင်းအရာဖြင့်အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါလူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင်ပင်ပန်းဆင်းရဲလျက်မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရ သည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
အိပ်မက်အဖြေ၊ ။နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါအချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံပျက်အံ။ အချို့နေရာ၌မရွာ၍ပျက်အံ။ အချို့နေရာတွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့်ရောင်းစားသည်ကို မြင်မက်ပါသည်။
အိပ်မက်အဖြေ။ ။နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကိုမက်မောကုန်သော ရဟန်း အလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်းဥစ္စာပစ္စည်းစသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြိုအိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန်အလို့ငှာ ဟောတော်မူအပ်သော အလွန် မွန်မြတ် သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊တစ်ကျပ်စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည်ဖြစ်၍ တစ်သိန်းထိုက် သောစန္ဒာကူး နှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
အိပ်မက်အဖြေ။ ။နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာရာထူးစည်းစိမ် ပေးသည်ဖြစ်၍အမျိုးယုတ်တို့ တန်ခိုးအာဏာကြီးမားထင်ပေါ်အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
အိပ်မက်အဖြေ။ ။နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသောသူတို့၏စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့နစ်တည်ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။

အိပ်မက်အဖြေ။ ။နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန်လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသောအရပ်ရပ်တို့၌ လင်ပေါ်တွင်လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြ မည် ဖြစ်ရကားဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့်တူသော ရွှေဟင်္သာတို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။

အိပ်မက်အဖြေ။ ။နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီးစသောအတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြ ကုန်လတ္တံ့။ ထိုအခါတိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သောအမျိုးယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍အမျိုးကောင်းသားတို့ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက်ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင်တောချုံရှိရာသို့ ပြေးကြ သည်ကိုမြင်မက်ပါသည်။

အိပ်မက်အဖြေ။ ။နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်သူတို့မှာမင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ် တို့ကို ငါတို့လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍တရားတဘောင်ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ် ပုတ်ခတ် ခြိမ်းခြောက်နှင်ထုတ်လျက် အနိုင် ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့်စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက်အိမ်သို့ ပြန်၍အိပ်နေကြကုန်အံ။ ထိုမှတစ်ပါးလည်း အကျင့်သီလရှိသောရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ်ဖိနှိပ်ကြလေသဖြင့် တောသို့ပြေးဝင်ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်းတို့လည်း လွတ်ရာကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်းကြကုန်လတ္တံ့။

ကဲ စာဖက်သူ လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၄ ကမက်ခဲ့သောအိမ်မက်နဲ့ ယခုဖြစ်ပျက်နေသော အခြေအနေကို နှိုင်းယှဉ်ကြည့်ကြပါကုန်………
ဆက်ဖတ်ရန်>>>

စစ်မှန်တဲ့စေတနာဆိုတာ

       စေတနာ၏ သဘောလက္ခဏာသည် တိုက်တွန်နိုးစော်ခြင်းပင်ဖြစ်၏။ ကောင်းသည့်ဘက်မှာတိုက်တွန်း တတ်သ လို မကောင်းသည့် ဘက်မှာလည်း သူပါလေတော့၏။ မကောင်းသည့်နေရာတိုက်တွန်းတာကိုတော့ ထင်ရှားလို့ ထားအုံးတော့ ...ကောင်းသည်နေရာတိုက်တွန်းသည့်အခါ လှည့်စားတက်သည်သဘာဝ အနည်းငယ် ပြောပြ ချင်ပါ၏။ တစ်ခါတစ်ခါ အချေအနေတခုအပေါ်မှာ သုံးသပ်ဆုံးဖျက်ပြီး ကိုယ်နှင့်နီးစပ်ရာ အသိုင်းအ၀ိုင်း အပေါ်မှာ ဘဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်အပေါ်မှာဘဲဖြစ်ဖြစ် ငါကစေတနာနှင့် ပြောတာ ဟုဆိုကာ ပြောတက်ကြပါ၏။ ထို ပြောဆိုနေစဉ်အချိန်အတွင်းမှာ ဘဲဖြစ်ဖြစ် ပြောပြီးတဲ့အခါမှာဘဲဖြစ်ဖြစ် ကိုယ်ပြောဆိုနေသူရဲ့တုန့်ပြန်မှု့က ကိုယ် အမူအရာနုက်အမူအရာနေနဲ့နှစ်သက်ဖွယ်တုန့်ပြန်မှု မနှစ်သက် ဖွယ်တုန်ပြန်မှု တခုခုတော့လာလေတော့၏။ နှစ်သက်ဖွယ်တုန်ပြန်လာတာ တွေတဲ့အခါ ငါတော် တယ်လို့ အထင်ရောက်ခါ စေတနာကိုယ်စား အတိမာန( မိမိကိုယ်မိမိအထင်ကြိးမှု့ )က မသိမသာ နေရာယူလေ တော့၏။ မနှစ်သက်ဖွယ်တုန်ပြန်လာတာ တွေတဲ့အခါ ငါစေတနာ အကောင်းမထင်လေချင်းဟုဆိုကာ စိတ်နှစ်လုံးယူကြုံးမရ ဖြစ်တက်လေ၏။ တုန့်ပြန်မှုကအဓိကဖြစ်နေလျှင် ကိုယ်ဆရာဖြစ်ချင်တာကပထမ ကိုယ်စေတနာက ဒုတိယနေရာမှာ ရောက်မှန်းမသိရောက်နေလေတော့၏။ ကိုယ်ရဲ့ အတိုင်း အရှည်ပမာဏ ကို ကိုယ်မသိပါက ပိုလို့ပင် ပင့်ပန်းဘွယ်ရာပင်ဖြစ်လေတော့၏၊ စေတနာစစ်စစ်မှာကား တုန့်ပြန်မှု့ အပေါ်မှာ မတည်ဆောက် မိမိရဲ့မြင့်မြက်တဲ့နှစ်လုံးသားပေါ်မှာသာတည်ဆောက်၏။မြင့်မြတ်တဲ့ နှလုံး သားပိုင်ရှင်တို့မှာကား ဘယ်အရာမဆိုပြုလုပ်ပြောဆိုသောအခါ ကောင်းကျိုးကိုလိုလားသော စိက်သက် သက် သာဖြစ်ပါ၏။ တုန်ပြန်မှု့ကထိုသူအတွက်အရေးမကြီး ကောင်းသွားပါစေ ဆိုသောအချက်သည် သာသူ့အတွက် တာထွက်အစဖြစ်သလို ပန်းတိုင်လည်းဖြစ်ပြန်၏။

ဆက်ဖတ်ရန်>>>

အ ရိုး - - - န ရိုး - - - ဂွ ရိုး

စာဖတ်သူတွေအတွက် အပြုံးပန်းတပွင့်လောက် ဖန်းတီးပေးချင်စိတ်လေး ပေါ်လာလို့ ဒီဆောင်းပါးလေးရေး ရခြင်းပါ..
လောကမှာ အရိုး ၃ မျိုးရှိပါတယ်၊
( ရိုးသားဖြောင့်မတ်ခြင်း ထဲက ရိုးသားတာကိုမဆိုလိုပါ)
( ၁ ) အ ရိုး (၂) န ရိုး ( ၃) ဂွ ရိုး ဆိုးပြီးရှိပါတယ်။
၁- ဗဟုသုတ နည်းပါပြီး အေးအေးနဲ့ရိုးရိုးနေတက်တာဟာ (အ ရိုး )
၂- ဗဟုသုတနည်းပါးရုံတင်မက အလုပ်လုပ်တဲ့နေရာမှာ နမော်နမဲ့နဲ့ အမှားမှားအယွင်းယွင်း လုပ်တက် သူဟာ (န ရိုး )
၃- (ဂွ ရိုး) ဆိုသူကတော့ ဗဟုသုတတော့ အထိုက်အလျှောက်ရှိပါတယ်၊ ဒါပေမဲ့ ပြောလိုက်ရင် တမင်ပြော တာမဟုတ်ပေမဲ့ သူပြောတဲ့စကားဟာ အမြဲတမ်းတဖတ်လူနဲ့ ဂွတိုက် သလိုပြောတက်သူ။
အဲဒီလို ၃ မျိုးရှိတဲ့အထဲက……………………….

        တခါတုန်းက အလွန်တောခေါင်ပြီး ဗဟုသုတ အတော်လေးနည်းပါးသော လူတွေနေထိုင်ကြတဲ့ ရွာ လေးတရွာရှိပါသတဲ့၊ ဘယ်လောက်ထိ ဗဟုသုတနည်းသလည်းဆိုတော့ အဲဒီရွာကလူတွေဟာ မှန်ကိုမမြင် ဘူးကြပါဘူ့း။ တနေ့တော့ တောင်ယာလယ်ယာစိုက်ပျိုးပြီး လုပ်ကိုင်စာသောက်တဲ့ ကိုဖိုးထောင် တယောက် လယ်ထွန်းရင်းကနေ လယ်ကွက်ထဲကနေ မှန်တချပ် ကောက်ရပါသတဲ့.. မှန်မှာပေကျံနေတဲ့ အညစ်အကျေး တွေကို ပုဆိုးလေးနဲ့သုတ်ပြီး ကြည့်လိုက်တော့ မှန်ထဲမှာယောင်ထုံးကြီးးနဲ့ ခန့်ခန့်ငြားငြား ယောင်္ကျား တယောက်ကို တွေ့မြင်လိုက်ရတဲ့အခါ… ဟာ … ကြည့်စမ်း ငါကျေးးဇူးရှင်ဘကြီးရဲ့ပုံဘဲ၊ ဆိုပြီးအားရဝမ်း သာစွာနဲ့ အိမ်ကိုယူလာပြီး အိမ်းခန်းလေးထဲမှာသိမ်းထားပါသတဲ့၊ အဲဒီနေ့ကစပြီး လယ်တောထဲကပြန်လာ တိုင်း ပထမဆုံးအိမ်ခန်းထဲဝင်းပြီး သိမ်းထားတဲ့မှန်ကိုထုပ်ပြီး ကြည့်လေ့ရှိပါတယ်...အဲလိုကြည့်ပြီး သူဘကြီး က သူ့ငယ်ရွယ်စဉ်အခါက သူ့အပေါ်ကောင်းခဲ့ ဂရုစိုက်ခဲ့တာတွေ ကြင်နာခဲ့တာတွေပြန်လည်ပြီး သတိတရရှိ နေတက်ပါသတဲ့- - -
       အဲဒီလိုနဲ့ရက်ကြာလာတဲ့အခါ ကိုဖိုးထောင်မိန်းမ မမွှေးတယောက် သူယောင်္ကျားကို သံသယရှိလာပါ တယ်၊ ငါယောင်္ကျား အပြင်ကပြန်လာတိုင်း အိမ်ခန်းထဲဝင်းပြီး ဘာဝင်လုပ်တယ်မသိ၊ အင်း တခုခုတော့ တခုခုဘဲ … တနေ့ကိုဖိုးထောင် တောသို့သွားနေခိုက် အိမ်ခန်းထဲဝင်ရှာပါသတဲ့. ရှာရင်းကနေ ကိုဖိုးထောင် သိမ်းထားတဲ့ မှန်တချပ်သွားတွေ့လေတော့ မမွှေးအပြေးအလွှား ကောက်ကိုင်ပြီးအကြည့် …အောင်မလေး ကိုဖိုးထောင်ရဲ့လို့ (၇) အိမ်ကြား(၈) အိမ်ကြားအော်ငိုပါလေရော… ပါးစပ်ကလည်း .. ဟင် ငါသူအပေါ် ဒီလောက် မယားဝတ္တရားနဲ့အညီ သစ္စာရှိရှိမေတ္တာမပျက် ဂရုစိုက်ပါရဲ့သားနဲ့ သူကငါအပေါ် … ဟင်း ကြည့် စမ်း ကြည့်စမ်း - - - သူမယားငယ်ပုံကို သိမ်းထားတယ်.ဆိုပြီး .. မှန်ကိုကောက်ကြည်င့်္လိုက် .. မှန်ထဲက ပုံကို မမွှေးခမျှာ သူပုံမှန်းသူမသိ..ဖိုးထောင်ရဲ့ တိတ်တိတ်လေးယူထားတဲ့ နောက်မယားငယ်ပုံလို့ထင်ပြီး .. ရင်ကွဲ မတက် ခံစားလိုက်ရတာ ..
         လယ်တောကပြန်လာတဲ့ ဖိုးထောင်ပုံမှန်အတိုင်း အိမ်ခန်းထဲအဝင် မမွှေးက ဖိုးထောင်ကိုမြင်လျှင် မြင်းချင်း …အောင်မလေးကိုဖိုးထောင်ရဲ့ - - - တော် ကျွန်မအပေါ် ဘာမကျေနပ်လို့လည်း ..ကျွန်မကတော့ လေ ရှင်အပေါ် ချစ်လိုက်ရတာ သံယောဇဉ်တွေပိုလိုက်ရတာ.လင်တမျက်နှာ တရွာထင်ပြီးလိုက်နေရတာ….
တမိုးအောက် တယောက်ထင်ပြီး ချစ်လိုက်ရတာ တော်ကတော့ ဒီလိုမဟုတ်..ကျွန်မေအပေါ်ကို သစ္စာ ဖေါက်ရက်လေခြင်းဆိုပြီး ပြောလဲပြောငိုလဲငို ဖိုးထောင်ရင်ဘက်ကြီးကိုလည်း လက်သီးဆုပ်နဲ့ထုထုပြီး နေလိုက်တာ ..ဖိုးထောင်ခမျာ ဘာမှမသိရှာ ..အံ့သြပြီး ဟဲ့ မမွှေး မင်းဘာဖြစ်လို့လည်း နေမကောင်းဘူလား ပြစမ်းနဖူးဆိုပြီး လက်ဖဝါးလေးနဲ့စမ်းကြည့် အဖျားသွေးလည်းမရှိပါဘူး … နက်များဖမ်းစားထားလား။ စသည် ဖြင့် ပျာပျာသလဲစိုးရိမ်နေတာကို မမွှေးက - - တော် ခုမှလာပြီးကြင်နာချင် ယောင်ဆောင်မနေနဲ့ စိတ်နာ တယ် စိတ်နာတယ် .. အော်ပါလေရော..
         မွှေး .. အကျိုးအကြောင်းကို ယောင်္ကျားလည်းပြောပြအုံးလေကွယ် ..ဘာပြောပြဘို့လိုသေးလည်း ကိုဖိုးထောင်ရဲ့ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေတာကို တော်က ဆင်သေကို ဆိတ်သားရေနဲ့ဖုံးချင် တာလား သက်သေသက္ကာယနဲ့ပြမယ်ဆိုပြီး မှန်ကိုထုပ်ပြ ဒီမှာကြည့်စမ်း ဒါတော်မယားငယ်ပုံ မဟုတ်လား ကြည့်းစမ်းသနပ်ခါး ပါးကွတ်ကြားကြီး နဲ့ ဘီးစပတ်ကြီးနဲ့ အောင်မလေး ကိုဖိုးထောင်ရဲ့ ဆိုပြီး ငိုပါလေရော…
ဖိုးထောင်ကလည်း ဟာမဟုတ်တာကွာ…ပြစမ်းဒီမှာကြည့် ..ဒါက ငါဘကြီးပုံကွ မှန်ယူကြည့်ကာ သူ့ဘကြီး ဆိုသူဖြစ်ကြောင်းဆိုပြီးပြော မမွှေးကလည်းကလည်း မှန်တခါပြန်ယူပြီး ဘယ်ကရှင့်ဘကြီး ပုံဟုတ်ရမှာ လည်း ဒီမှာကြည့် တော်မယားငယ်ပုံလေ ဆိုပြီးပြန်ပြော နောက်ဆုံး ဖိုးထောင်က ကဲ ဒို့ဒီလိုငြင်းခုံနေရင် မပြီးတော့ဘူး ရွားဦးကျောင်းဆရာတော်ဆီသွားပြီး အဆုံးအဖျက်ခံမယ်ဆိုပြီး လင်မယားနှစ်ယောက် တယောက်တပေါက် သူတပြန် ကိုယ်တခါလှည့်ပြောပြီး ရွာဦးကျောင်းဆရာတော်ထံရောက်လာကြပါတော့ တယ်..ရှေးတုန်းက တချို့ရွာတွေမှာ ရွာဦးကျောင်းဆရာတော်တွေက အထိုက်အလျောက် သြဇာညောင်းကြပါတယ်…ခုလည်း ကိုဖိုးထောင်တို့ လင်မယား ရွားဦးကျောင်းဆရာတော်ထံမှောက် ငိုငိုရီရီ နဲ့ ရောက်လာကြပါတော့တယ်၊
          ဆရာတော်လည်း ဟဲ့ ဟဲ့ ဘယ်လိုဖြစ်လာကြတာတုန်း မျက်နှာတွေကလည်း မသာမယာနဲ့ ပြောစမ်း ဟ ဖြစ်သမျှအကြောင်းအစုံအလင် မမွှေးကစပြီး ဆရာတော်ဘုရား ဆရာတော်တပည့်က တပည့်တော်မ အပေါ်မှာ သစ္စာဖေါက်တယ်ဘုရား ဟဲ့ မိမွှေးရယ်နင်ဟာက ဟုတ်ရဲ့လားဟာ၊ မဟုတ်ရှိရိုးလားဘုရား ဒီမှာ ကြည့်ပါ ဘုရား သူမယားပုံဆိုပြီး မှန်ကြည့်ပြီး လျှောက်တယ်၊ ဖိုးထောင်ကလည်း ဆရာတော်ဘုရား သူ (မမွှေး) တပည့်တော်အပေါ် အမြင်မှားတာပါဘုရားဆိုပြီး မမွှေးလက်ထဲက မှန်ကိုရုပ်တရပ်လုယူပြီး ဒီမှာ ကြည့်ပါဘုရား  တပည့်တော် ဘကြီးပုံပါဘုရား ဆိုပြီးပြန် လျှောက်တယ်၊ ဟယ် နင်တို့ဟာက မဟုတ်သေး ပါဘူး ငါပြစမ်းဆိုပြီး ရွာဦးကျောင်းဆရာတော်က ဖိုးထောင်လက်ထဲမှာရှိတဲ့ မှန်ကိုရုပ်တရက် ယူပြီးအကြည့် ဟေ……မင်းတိုဟာက .ဘယ်လိုဖြစ်ကြတာတုန်း…ငရဲတွေကြီးကုန်တော့မှာပဲ ဒီပုံက ဘဝတပါးပျံလွန် တော်မူသွားတဲ့ ငါရဲ့လက်ဦးဆရာတော်ပုံပါဟာ ကြည့်စမ်း ဥပဓိရုပ်က ခန့်ခန့်ုငြားငြားနဲ့ မျက်ခုံးကကောင်း ကောင်း ခေါင်းကလည်း ပြောင်နေတာပဲ ကြည့်စမ်းဆိုပြီး ဆရာတော်ကရှေ့မှာမှန်ချ မျက်စိစုံမှိတ်ပြီး သူ့ဆရာဂုဏ်တွေကို အာရုဏ်ပြုပြီး ဦးချပါသတဲ့……..
                                              ကဲ…စာဖတ်သူအနေနဲ့
        ရွာဦးကျောင်းဆရာတော်အပါအဝင် ဖိုးထောင်တို့ မမွှေးတို့ အရိုး ဘာအရိုးလို့ဆိုချင်ပါသလည်း

        ဘယ်လိုပဲဖြစ်နေဖြစ်နေ ရှေ့တုန်းကရော ယခုကာလမှာပါ လူတွေဟာ အဖြစ်မှန်မသိသမျှ အပြစ်တင်ကြတာ အစဉ်အလာလိုဖြစ်နေတက်ပါတော့တယ်လေ..
အဲဒီတော့ အကြောင်းအရာတခုကို သုံသပ် ဆုံးဖျက်တဲ့နေရာမှာ အမှားမကင်းနိုင်ကြပေမဲ့ အမှားနည်းအောင် တော့ သတိထားဆင်ခြင်နိုင်ကြပါစေ။

ဆက်ဖတ်ရန်>>>

သိလျှက် မကောင်းမှု့ကိုလုပ်ခြင်း၊ မသိဘဲ မကောင်းမှု့ကိုပြုခြင်းပြဿနာ

 မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ကို
လူတယောက်သည် သိလျှက် မကောင်းမှု့ကိုပြု၏၊
အခြားလူတယောက်ကတော့ မသိမှု၍ မကောင်းမှု့ကိုပြု၏၊
အဘယ်သူ၏ မကောင်းမှု့ကံသည် ပိုများပါသနည်း ဟုမေးမြန်းလျှောက်ထား၏၊
နာဂသိန် အရှင်သူမြက်က မင်းကြီး အကြင်သူသည် မသိမူ၍ မကောင်းမှု့ကံ ပြုလုပ်၏၊ ထိုမသိမူ၍ မကောင်းမှု့ကံပြုသူ၏ မကောင်းမူ့သည် ပို၍များပြား၏ ဟုပြန်လည်ဖြေကြား၏၊

မင်းကြီးက အရှင်ဘုရား နာဂသိန် ဒါဆိုလျှင် ကျွန်တော်မျိုးတို့၏ နန်းတွင်းမှာ မင်းညီမင်းသားသည်လည်းကောင်း မူးမတ်သည်လည်ကောင်း မသိမူ၍ မကောင်းမူ့ကံ ပြုလုပ်အံ့ ၊ ထိုသူအား နှစ်ဆသော ဒဏ်ကိုပေးရပါကုန်အံ့လောဟု လျှောက်၏၊ မင်းကြီး
သင့်ကိုငါမေးပါရစေ၊
လူတယောက်သည် ရဲရဲတောက်ပြိးပူလောင်နေသော အလျှံတပြောင်ပြောင်တောက်လောင်နေသော မီးနှင်င့်္တကွသော သံခဲ သံတုံးကို တစ်ယောက်သောသူသည် သိလျှက်ကိုင်၏၊
တယောက်သောသူကတော့ မသိမူ၍ အားရပါးရဆုပ်ကိုင်ရာ၏ အဘယ်သူကို ပြင်းထန်စွာလောင်ရာသနည်းဟု မေးတော်မူ၏၊
အရှင်းဘု၇ား အကြင်သူသည်ကား မသိမူ၍ ဆုပ်ကိုင်ရာ၏၊ ထိုသူအား ပြင်းထန်စွာလောင်ရာပါ၏ ဟုလျှောက်၏၊
မင်းကြီး ထိုအတူသာလျှင် အကြင်သူသည် မသိမူ၍ အကုသိုလ်မကောင်းမူ့ကို ပြုလုပ်၏၊ ထိုသူအားမကောင်းမူ့ အကုသိုလ်ကံသည် များပြား၏ဟု ဖြေကြားတော်မူ၏၊
အရှင်ဘုရားနာဂသိန် သင့်မြက်လျှော်ကံကောင်းမြက်လှပါ၏ ဟုလျှောက်လေတော့၏၊
          ကျွန်တော်အနေဖြင့် ဘဝပေးအခြေအနေကြောင့် အလုပ်မျိုးစုံ လုပ်ကိုင်နေကြရသော သူငယ်ချင်များအပါအဝင် လူတချို့ဟာ ဘာသာရေးစာအုပ်ဖက်ဖို့ တရားနာယူဖို့ တွန့်နေတက်ကြပါသည်၊ အထက်ပါ အမေးအဖြေကို ဖတ်ရူ့ထောက်ဆကြည့်သောအားဖြင့် ဘာပဲဖြစ်ဖြစ် လေ့လာကြားနာ သင့်သည်ဟု သိစေသဘောပေါက်စေလိုပါသည်၊ ဒါမှသာလျှင် တလုံးတလေမှတ်မိလေ လျှင်လည်း တဖြည်းဖြည်းဖြင့် အသိပညာတိုးပွါးကာ လောကီအကျိုး လောကုတ္တရာအကျိုး တိုးပွါးပါစေ စိတ်စေတနာဖြင့် ….
အမေး မိလိန်၊ အဖြေ နာဂသိန်ဟု ကျမ်းစာအုပ်တအုပ်အနေဖြင့် ရှိနေသည့်အတွက်ကြောင့် စာအုပ်ကြီးကိုင်ပြီးကြည့်ဘို့ အခြေအနေ မပေးသူတို့အတွက် ဗဟုသုတအဖြစ်တင်ပြရခြင်းဖြစ်ပါသည်၊။

ဆက်ဖတ်ရန်>>>

ခံစားရတဲ့ ဒုက္ခ ကိုယ်စီကိုယ်ငှ ရှိကြရာဝယ်

ဘဝတခုဆိုတာ မွေးဖွားတဲ့အချိန်ကစပြီး မသေဆုံးခင်စပ်ကြားတည်ရှိနေတာကိုပဲ သတ်မှတ်နိုင်ကြတာပါ၊
တခုရှိတာက ငိုချင်းနဲ့စပြီး ပုံသဏ္ဍန်မျိုးစုံ သက်သာ မသက်သာ နှစ်ဖြာကွဲပြီးဆုံးပါးကြရတာ ဓမ္မတာပါ၊ အဲဒီတော့ ငါခံစားရတဲ့ ဒုက္ခက မင်းထက်ပြင်းတယ်လို ဆိုကြသူတွေ၊ တဖက်လူကလည်း ပြန်မပြောလိုက်ပေမဲ့ ငါခံစားရတာ ဒုက္ခကလည်း မသက်သာဘူးဆိုတာ ကာယကံ၇ှင် ငါကိုယ်တိုင်မှ သိတာပါကွာဆိုတဲ့အတွေးလေးနဲ့ပေါ့…
အလွာပေါင်းစုံက ပုံသဏ္ဍန်မျိုးစုံနဲ့ ခံစားကြရတဲ့ သဘာဝလေးပြောပြရရင်…
ရှေးတုန်းက …တောရဆောက်တည်နေတဲ့ ….တောရကျောင်းဆရာတော်ကြိးတပါးက ဆွမ်းစားခါနီး ဟင်းလျှာမျိုးစုံ ပြင်ထားတဲ့ ဆွမ်းဝိုင်းကြီးကိုကြည့်ပြီး ..အင်း ဒုက္ခ ဒုက္ခ ဆိုပြိးညဥ်းပါတယ်..အဲလို ညဉ်းညူသံကို မလှမ်းမကမ်းမှာရှိနေတဲ့ ကပ္ပိယ ဦးသူတော်ကြီးက ..ဟင်း ဒီလောက်ဟင်းကောင်းတွေအပြည့်နဲ့ ထမင်းဝိုင်းကိုကြည့်ပြိး စားရမှာများ ..ဒုက္ခတဲ့ .ဒီလိုဒုက္ခမျိုး သူတော်တို့ ခံလိုက်ချင်ပါတယ်လို့ မကြားတကြားပြောလေ့ရှိပါတယ်….
ဒါပေမဲ့ ဦးသူတော်လည်း ဆရာတော်ဆွမ်းဘုန်းပြိးလို့ရှိရင် သူကသိမ်ဆည်းပြိး အဲဒီဆွမ်းဝိုင်းကိုပဲ နေရာလေးရွေ့ပြီး စားပါတယ်..သူဆရာလုပ်သလို ဆွမ်းဝိုင်းကိုကြည့်ပြိး ဒုက္ခ ဒုက္ခလို့ ဆရာအတုလိုက်ပြီး ဆိုပါတော့တယ်..
အဲလို တောရဆရာတော်ကြိး ရဲ့ ဒုက္ခညဉ်းလေရှိတဲ့ အလေ့အထ နဲ့ ဦးသူတော်ကြိးတို့ရဲ့ ဒုက္ခလို့ညဉ်းလေ့ရှိတဲ့သဘာဝကို ပါတ်ဝန်းကျင်က လူတွေကလည်း အနည်းနဲ့ အများသိနေကြ.
တောကျောင်းနဲ့ မလှမ်းမကမ်း တောအုပ်ထဲမှာ အရိပ်ကောင်းတဲ့ ညောင်ပင် ကြိး တပင်ရှိပါသတဲ့ ..အဲဒီညောင်ပင်ကြိးပေါ်မှာ ရွေနီ လို့ခေါ်တဲ့ မျောက်ကြီးတကောင်နေပါတယ်၊ ပါတ်ဝန်းကျင်းအနိးအနားကရွာသူရွာသားတွေဟာ တောသွားတောပြန် အဲဒီညောင်ပင်ကြီးအောက်မှာ ခနအမောပြေ အနားယူလေ့ ရှိကြတဲ့အခါမှာ အနားယူရင် ပါးစပ်က ဒုက္ခ ဒုက္ခလို့ ညဉ်းတွားကြလေ့ရှိကြသလို..ဟို ခပ်ဝေးဝေးက ခရီးသွား ခရီးလာတွေဟာလည်း အရိပ်ကောင်းတဲ့ ညောင်ပင်ကြိးအောက်မှာရောက်တိုင်းနား..နားတိုင်းညဉ်းကြတာကတော့ ဒုက္ခ ဒုက္ခလို့ ဆိုတာပါပဲ။
တနေ့မက ကြားဖန်များလာတဲ့ အခါမှာ မျောက်ရွေနီ ကြိးက လူတွေငါ့ညောင်ပင်အောက်ကိုရောက်တိုင်း ဒုက္ခ ဒုက္ခ လို့ ပါးစပ်ကနေ လူတိုင်းညဥ်းကြတယ်…ဒုက္ခဆိုတာ ဘယ်လိုအကောင်လည်း..ဘယ်လိုအရာလည်း …ငါဒုက္ခဆိုတာသိချင်လိုက်တာ ဆန္ဒတွေ ဖြစ်လာပါတယ်။
တနေ့ညောင်ပင်အောက်မှာအနားယူနေတဲ့ လူက ဒုက္ခလို့ ပါးစပ်က ထွက်လိုက်တဲ့အချိန် …
မျောက်ကြိးရွေနီက ဗျိုး ………ညောင်ပင်အောက်ကလူကြိး ခင်များပါးစပ်က ဒုက္ခ ဒုက္ခဆိုတာပြောသံနေတိုင်းလိုလို ကျုပ်ကြားနေရတယ်ဗျ. ခင်များလိုပဲ လူတိုင်းလိုလို ကျုပ်ညောင်ပင်အောက်ကိုရောက်တိုင်း အနားယူနေတုန် ဒုက္ခ ဒုက္ခ လို့အမြဲတမ်းပြောကြတယ်…ခင်းများတို့ညဥ်းပြိးပြောနေတဲ့ ဒုက္ခက ဘယ်လိုဟာလည်းဗျ..ပြောပြစမ်းပါလို့..မေးသတဲ့
အဲဒီတော့ ခရီးသည်တွေက မျောက်ကြိးရွေနီ ရယ်..ဒုက္ခအကြောင်သိချင်ရင်တော့ တောရကျောင်းက ဦးသူတော်တို့သာ သွားမေးပါတော့လို့ ပြောလိုက်သတဲ့..
မျောက်ကြိးရွေနီလည်း ဒုက္ခအကြောင်းသိဖို့ တောရကြောင်းကို မနှေးမကြာ စောလျှင်စွာဆိုသလို ခရီးနှင်ပါတော့တယ်..တောကျောင်းရောက်တော့ ဦးသူတော်စီတန်းသွားပြိ …ဦးသူတော် ကျုပ်ကို ဒုက္ခပြပါ၊ ကျုပ် ဒုက္ခဆိုတာသိချင်ပါတယ်လို့တောင်းဆိုပါတော့တယ်၊
ဦးသူတော်က မျောက်ုကြိးရွေနီ ရယ် ဒုက္ခဆိုတာ မကောင်းပါဘူး မသိချင်ပါနဲ့လို့ပြန်ပြောလိုက်တယ်၊ မသိချင်ပါနဲ့ပြောလေ မျောက်ကြိး ရွေနီက သိချင်လေ ဖြစ်ပါရော…ပြပါဦးသူတော်ရယ်ဆိုပြိး ကျုပ်တကယ်သိချင်လို့ အဝေးကနေ တကုတက လာရတာပါဆိုပြိး တောင်းဆိုပါသတဲ့…
ဦးသူတော်ကလည်း ..အင် မျောက်ကြိးရွေနီ ဒီလောက်သိချင်ရင် မနက်ဖြန်တခါပြန်လာခဲ့ ..ကျုပ် မျောက်ကြိးရွေနီအတွက် ဒုက္ခရှာထားလိုက်မယ်လို့ ပြောလိုက်တဲ့အခါ ..မျောက်ကြိးရွေနီလည်း ဟုတ်ပြီဆိုပြိး ဒိလိုနဲ့ပြန်သွားပါတယ်..
ဦးသူတော်လည်း မျောက်ကြီးရွေနီ ပြန်သွားတယ်ဆိုရင်ပဲ ညကတည်းက ကျောင်းမှာရှိနေတဲ့ အကိုက်ကြမ်းတဲ့ခွေးတကောင်ကိုဖမ်းပြိး. ဂုံနီအိပ်နဲ့ ထုပ်ပြီးထားလိုက်ပါသတဲ့..
မနက်မိုးလင်းတယ်ဆိုရင်ပဲ မျောက်ကြီးရွေနိလည်း ..သူအင်မတန်သိချင်လှတဲ့ ဒုက္ခဆိုတာ သိရတော့မယ်ဆိုတဲ့ အသိနဲ့ တက်ကြွစွာနဲ့ ဦးသူတော်စီလာခဲ့ပါတယ်၊၊
ကျောင်းအပေါက်ဝကတည်းက ..ဗျို့ ဦးသူတော်..ခင်းများပြမယ်ဆိုတဲ့ ဒုက္ခဘယ်မှာလည်းဗျ လို့ေးမပါသတဲ့..
ဦးသူတော်ကလည်း ..ကဲ ကဲ..မျောက်ကြီးရွေနိ ဟောဒီမှာသင်သိချင်တဲ့ ဒုက္ခအထုပ်..အဲဒီအထုပ်ကို ထမ်းပြီးသယ်သွား.သစ်ပင်တပင်မှမရှိတဲ့ ကွင်းပြင်အလယ်ရောက်မှ ဖြေကြည့်လို့ မှာလိုက်ပါသတဲ့..
မျောက်ကြိးရွေနီလည်း အားရဝမ်းသာစွာနဲ့ ဦးသူတော်ပေးတဲ့ အထုပ်ကြိးထမ်းပြိး ကွင်းပြင်လယ်ခေါင်ကိုအရောက်သွားပါတော့တယ်..ကွင်းပြင် အလယ်ခေါင်လောက်ရောက်တဲ့အခါ အရှေ့အနောက် တောင်မြောင် လှည့်ပတ်ပြီး အလယ်ဗဟိုကျမကျ သေချာခန့်မှန်းပြီးကြည့်လိုက်ပါသေးတယ်၊
အင်း ဥိးသူတော်ပြောတဲ့အတိုင်း ကွင်းအလယ်ခေါင်လည်းရောက်ပြီ၊ သစ်ပင်လည်း တစ်ပင်မှမရှိဘူးဆိုတော့ အဆင်ပြေပြီးဆိုပြိး အထုပ်ချပြီးဖြေကြည့်ပါတော့တယ်၊
အထုပ်ပြေသွားတာနဲ့ တပြိုင်နက် တစ်ညလုံးဂုံနီအိပ်ထဲမှာ နေရတာရော ..ဘာတခုမှမစားရလို့ ဗိုက်စာပြိး ဒေါသထွက်နေတဲ့ ခွေးကြိးက အပြင်ရောက်တယ်ဆိုရင်ပဲ မျောက်ကြီးရွေနိနောက်လိုက်ပါတော့တယ်၊ မျောက်ကြိးရွေနိလည်း ခြေဦးတည့်င်္ရာ ဒူးတည့်ရာ ပြေးရရှာပါတော့တယ်၊ ခတ်တာက သစ်ပင်တပင်မှမရှိတာက သူအတွက် ပိုခတ်ခဲစေပါတော့တယ်၊ ဒီလိုနဲ့ အတော်ပြေးပြီး သစ်တောအုပ်အစပ်ရောက်တဲ့အခါကျမှ အနီးရှိ သစ်ပင်ပေါ်ကို အပြေးအလွား တက်ပြေးရပါတော့တယ်။
ဗိုက်စာစာနဲ့ အကိုက်ကြမ်းတဲ့ ခွေးကြိးက နောက်ခြေတောက်လက်နှစ်ဖက်ကိုမြေမှာထောက် ရှေ့ လက်နှစ်ဖတ်ကို သစ်ပင်မှာတင်ပြိး မောမောနဲ့ မော့ကြည့်ပြီး တဟဲဟဲ နဲ့ မာန်ဖီပြီး သစ်ပင်အောက်က စောင့်နေ့ပါတော့တယ်၊
မျောက်ကြီးရွေနိလည်း မောကလည်းမော လန့်ကလည်းလန့်နဲ့ သစ်ပင်အောက်ကို ငုံကြိးလိုက်တဲ့အခါ လျှာတွဲလွဲကျနေတဲ့ ခွေးကြိးကိုသေသေချာချာကြည့်ပြီး…..
မျောက်ကြိးရွေနီ သဘောက်ပေါက်လိုက်တာက…
အော်..ဒုက္ခဆိုတာ မျက်လုံးပြူးပြူ နုတ်ခမ်းမဲမဲ လျှာတွဲလွဲ တဟဲဟဲ နဲ့သတ္တဝါကြီးပါဘာလားလို့ သဘောပေါက်သွားပါတော့တယ်၊
ကဲ..ဒီပုံပြင်လေးထဲမှာ တောရကျောင်းဆရာတော်ကြီးလည်း ဒုက္ခကိုခံစားရတယ်…
ဦးသူတော်ကြီးလည်း ဒုက္ခကို ညဥ်းနေလေ၇ဲ့၊
နီးနီးဝေးဝေး အပြေးနဲ့ ဘဝ ဝမ်းစာအတွက်ရုန်းကန်နေကြတဲ့ ခရီးသွားတွေလည်းပဲ ဒုက္ခဆိုပြိ ပြောကြလေရဲ့၊
မျောက်ကြိးရွေနီလည်း နောက်ဆုံးဒုက္ခဆိုတာ ဒါပါလားဆိုပြိးသူနည်းသူဟန်နဲ့သဘောပေါက်သွားလေရဲ့..
ဒီနေရာမှာ ၊ ၊တောရကျောင်းဆရာတော်ကြီးနာလည်တဲ့ဒုက္ခက ရောဂါတွေနဲ့ ပြည့်နေတဲ့ ဒီခန္ဓာကိုယ်ကြိးကို အစားအသောက်မျိုးစုံနဲ့ တနေ့တနေ့ ပြုစုကျွေးမွေးပြီး သေမဲ့ရက်ကို ထိုင်စောင့်နေရတာပါလား.. ငါကသာသူကိုပြုစု သူအကြိုက်လိုက်ပြိးနေပေးနေပေမဲ့ သူကကျတော့ ငါကိုမညှာဘူး၊ အမြဲတမ်း ဝေဒနာတွေနဲ့နိက်စက်နေတာပဲ…ဘာမှမမြဲပါလား..ဆင်းရဲအတိပါလား၊ ကိုယ်ပိုင်အစိုးရတာ ဘာမှမရှိပါလားဆိုတဲ့ အသိနဲ့ ဒုက္ခကို သဘောပေါက်တာပါ်၊
ဦးသူတော်ကတော့ ဆရာတော်ကြိး လိုနက်နက်နဲနဲမသိပါဘူး၊ ဆ၇ာဆိုသလိုအတုလိုက်ဆိုပြိး ဒီလိုဒုက္ခမျိုးသူတော်တိုခံလိုက်ချင်ရဲ့ဆိုတဲ့ ဒုက္ခကိုညဉ်းတဲ့အဆင့်ပါ။
သူသူငါငါ သမုဒ္ဒရာ ဝမ်းတထွာအတွက် နေ့နေ့ညည ရှာနေကြရတဲ့ ခရီးသွားလူသားတွေ ပင့်ပန်းလို့ နားလည်တဲ့ ဒုက္ခကတမျိုးပါ၊
နောက်ဆုံး တိရိစ္ထာန်ဖြစ်တဲ့ မျောက်ကြီးရွေနီ ..သဘောပေါက်တဲ့ ဒုက္ခက မျက်လုံးပြူးပြူး နုတ်ခမ်းမဲမဲ လျာတွဲလွဲ တဟဲဟဲနဲ့သတ္တဝါဟာ ဒုက္ခပါလို့ သူနည်းသူဟန်နဲ့သဘောပေါက်တာပါ.
.ဒီတော့ …အလွာပေါင်းစုံက ပုဂ္ဂုလ်တွေဟာ နေစဉ်ဆိုသလို ဒုက္ခဆိုတာ ရင်ဆိုင်နေကြရတာပါ၊
ဖြစ်ပျက်ပုံးခြင်း မတူကွဲပြား ခြားနေပေမဲ့ ဒုက္ခ- ဆင်းရဲခြင်းဆိုတာကတော့ လူတိုင်းလက်ခံနေကြရတာပါ. ကိုယ့်ရဲ့ ညာဏ်အဆင့်အတန်းနဲ့ ကိုယ်အသီးသီးသဘောပေါက်ကြပြိး ကွဲပြားသွားကြရတာပါ၊
သဘောပေါက်တာချင်းတူအုံးတော့ တောရကျောင်းဆ၇ာတော်ကြိးရဲ့ ဒုက္ခက ညာဏ်နဲ့ယှဉ်တဲ့ ဒုက္ခဖြစ်လို့ အဆင့််မြင့်တဲ့အသိလို့ပြောရမှာပေါ့နော်….
နောက်ဆုံး ..တိရိစ္ထာန်ဖြစ်တဲ့ မျောက်ကြိး ရွေနီတောင် ဒုက္ခတော့ရှိတာပါဘဲ..ရှိတဲ့ဒုက္ခ ရလာတဲ့ဒုက္ခ တွေ့ကြုံရတဲ့ဒုက္ခဟာ သူနည်းသူဟန်နဲ့တော့ မသက်သာလှကြပါဘူးနော်..
ကိုယ်စီကိုယ်ငှ ရင်ထဲမှာ ခံစားရတဲ့ ဒုက္ခ နဲ့ အသိဟာ ဘယ်အဆင့်မှာရှိသလဲ ဆိုတာကတော့ ကိုယ့်ဟာကိုပဲ ဆုံးဖျက် အဆင့်သတ်မှတ်ပါလို့ပြောမိရင် စာရေးသူလွန်တယ်လို့များပြောနေကြမလား….
တကယ်လို့များ….တစုံတယောက်က …ငါခံစားရတဲ့ ခံစားမှု့ဒုက္ခက မင်းထက်ပြင်းတယ်လို့ ပြောခဲ့ရင်လည်း နားလည်ပေးလိုက်ပါနော်လို့လည်း မှာပါရစေ…..
ဆက်ဖတ်ရန်>>>

လူတစ်လောကထဲ ရောက်တော့မယ်ဆိုခဲ့ရင်

မိခင် ဝမ်းမှာ ပဋိသန္ဓေယူနိုင်တဲ့အခြေအနေ
လူတယောက်ဖြစ်ဘို့ မိခင်ရဲ့  ဝမ်းမှာ ပဋိသန္ဓေယူနိုင်ဘို့အကြောင်း ( ၃ ) ညီညွတ်ရပါ့မယ်။ အဲဒါတွေကတော့
၁- မိခင်လောင်းမှာ ရာသီပန်းပွင့််ပြီးစဖြစ်ရမယ်၊
၂- အဲဒီအချိန်မှာ မိဘဖြစ်မဲ့သူနှစ်ဦးတို့ ကာမဆက်ဆံရမယ်၊
၃- သန္ဓေယူမဲ့ သတ္တဝါဟာ ဘဝဟောင်းက ဘဝသစ်ဆီ ပဋိသန္ဓေယူဖို့ အဆင့်သင့်ဖြစ်နေရမယ်။
မိဘနှစ်ဦး တစ်ကြိမ်ကာမဆက်ဆံထားရင် မိခင်လောင်းရဲ့သားအိမ်မှာ ကပ်ငြိနေတဲ့သုတ်သွေးဟာ ( ရ )ရက်ကြာသိအထိ ပဋိသန္ဓေတည်ဘို့ စွမ်းအားရှိတယ်လို့ဆိုပါတယ်။
ရှေးကံရဲ့ စွမ်းအားကြောင့် အမိဝမ်းမှာ ကလလရေကြည် သန္ဓေတည်တဲ့အခါ …
ကလလအရေကြည်လေးမှာ မျိုးစေ့နဲ့တူတယ်။
မိဘရဲ့ သုတ်သွေးဟာ ရွံ ညွံ့ မြေ ရေတို့နဲ့တူတယ်။
ကလလ ရေကြည်ကိုဖြစ်စေတက်တဲ့ ရှေးကံတရားဟာ မျိုးစေ့ ချသူနဲ့တူတယ်။
ဒါကြောင့် ကလလအရေကြည် သန္ဓေတည်ဘို့ စင်ကြယ်တဲ့မိခင်ရဲ့ သားအိမ်နဲ့ ကျန်းမာသန်စွမ်းတဲ့သုတ်သွေးဟာ အလွန်အရေးကြိးပါတယ်၊ သားအိမ်နဲ့ သုတ်သွေးမှာ ရောဂါမကင်းရင် သန္ဓေသားဟာ သန်းစွမ်းမှု့မရှိတက်ပါဘူး။
မိဘရဲ့ သုတ်သွေးကိုမှီပြိးဖြစ်တဲ့ သန္ဓေသားကို မိဘရဲ့သုတ်သွေးမှာဖြစ်ပေါ်နေတဲ့ ဥတုဇရုပ်တွေ ဆက်သွယ်ကူးဆက်နေကြတယ်၊ ဒါကြောင့် မိဘတွေရဲ့ ရုပ်ရည်နဲ့ သားသမီးတွေရဲ့ ရုပ်ရည်ဟာ တူတာများပါတယ်၊ ရုပ်အဆင်းသာမက မိဘတွေရဲ့ စိတ်နေစိတ်ထား၊ ဥာဏ်အရည်အသွေးပါ ကူးစက်တက်ပါတယ်၊ ဒီလိုကူးစက်တာဟာ ကလေးသန္ဓေတည်ခါစက မိဘတွေမှာဖြစ်ပေါ်နေတဲ့ စိတ်ကြောင့်ဖြစ်တဲ့ရုပ်၊ ဝမ်းထဲမှာ အပူဆိုတဲ့ ဥတုကြောင့်ဖြစ်တဲ့ ( ဥတုဇရုပ် ) တွေကြောင့်ဖြစ်နိုင်တယ်။
ဘဝရဲ့  ပထမဦးဆုံးစိတ်ဖြစ်ပြီးတဲ့နောက် ကလလရေကြည်လေးဟာ တဖြည်းဖြည်းနဲ့ကြီးထွားလာပါတယ်၊ အဲဒီကလလရေကြည်မှာ ပါတဲ့ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေလည်ုး အသစ်အသစ် တိုးပွါးလာပါတော့တယ်၊ အဲဒီရုပ်အသစ်သစ်တွေမှာ ဥတုဆိုတဲ့ အငွေ့ဓါက် ( တေဇော ဓါက်ပါဝင်ပါတယ် )၊ တေဇောဓါက်ကြောင့် ဥတုဇရုပ်တွေဟာ တိုးပွါးနေတယ်၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေလည်း အသစ်အသစ်ဖြစ်ပြီး အဲဒီ စိတ္တဇကလာပ်မှာပါတဲ့ အငွေ့ဓါက်ကြောင့် ဥတုဇရုပ်တွေဖြစ်တယ်၊ မိခင်ရဲ့ သားအိမ်မှာရှိတဲ့ ကိုယ်ငွေ့ကြောင့်လည်း သန္ဓေသားဟာ ဥတုဇရုပ်တွေတိုးပွါးနေတယ်၊ အစာအဟာရကြောင့် ဖြစ်တဲ့ အဟာရဇရုပ်ဖြစ်ချိန်ကျတဲ့အခါမှာ မိခင်ရဲ့ ချက်ကြိုးက တဆင့်အဟာဓါက်ရနေလို့ သန္ဓေသားဟာ အဟာရဇ ရုပ်တွေလည်းဖြစ်နေတယ်၊ ဒီလိုနဲ့ သန္ဓေသားဟာ ကြီးထွားလာတယ်၊
ပဋိသန္ဓေတည်ကာစ.
.ပထမ ( ၇ ) ရက်အတွင်း ကလလရေကြည်ခေါ်တဲ့ရုပ်အစုလေးတွေဟာ ကြီးထွားနေတယ်။
ဒုတိယ ( ၇ ) ရက်အတွင်းမှာ ကလလရေကြည်အဖြစ်ကနေ ပုံတမျိုးပြောင်းပြီး အမြုတ်ကလေးတွေဖြစ်လာတယ်။
တတိယ ( ၇ ) ရက်အတွင်းမှာ နီထွေးထွေး အသားတစ်ကလေးဖြစ်လာတယ်၊
စတုတ္ထ ( ၇ )ရက်အတွင်းမှာ ကြက်ဥလို အသားမာမာလေး ဖြစ်လာတယ်။
ပဉ္စမ ( ၇ ) ရက်အတွင်းမှာ ဦးခေါင်းနဲ့ ခြေနှစ်ဖတ်၊ လက်နှစ်ဖတ်ဖြစ်ဘို့ အဲဒီအသားမာမှာ အဖုလေး ၅ ခုထွက်လာတယ်၊
နောက်တော့ တဖြေးဖြေး ကြီးရင်လာတယ်လို့ …ယက္ခ သံယုတ်ပါဠိတော်မှာ ဘုရားရှင်ဟောထားပါတယ်၊
ယခုခေတ် သိပ္ပံပညာတိုးတက်လို့ စက်မျိုးစုံနဲ့ ရိုက်ကြည့်ပြီးမှ သိရတဲ့အရာတွေကို ဘုရား၇ှင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းကဟောထားခဲ့တာပါ။

ဆက်ဖတ်ရန်>>>

မြန်မာသံဇဉ်လေးပါ


ဆက်ဖတ်ရန်>>>

ရင်မှ အလွမ်း

“ နေ့နေ့ ညည နေ့ညအသင်္ချေ
 ရာသီနေ့များ ကုန်သွားပါစေ
 ဘယ်လိုလွမ်းကြောင်း ချစ်ကြောင်းထွေထွေ
 တစ်ကြိမ်တစ်လှည့် ကြုံခဲ့ရင်လေ
 ရင်ကိုခွဲခြမ်း ပြစမ်းပါရစေ
 ချစ်သူ - - - က အဝေးတစ်နေရာမှာနေ”
ဆက်ဖတ်ရန်>>>

ဘ၀ ဘဝ

”ကမ္ဘာကြီးကို အားခွန်အပြည့်ဖြင့်ထမ်းချင်နေတဲ့အကောင်ပါ
ဒါပေမယ့် ကိုယ့်အရိပ်ပါးပါးလေးကိုတောင်မှ
ဒရွတ်တိုကဆွဲခေါ်နေရတယ်
ရာဇသင်္ကြန်အမတ်ကြီး ကြံကို ဘာကြောင့် အဖျားကနေပြီး
စ စားတယ်ဆိုတာ ရှင်းပြဖို့
သူတို့မှာ သွားကမပေါက်သေးဘူး”
ဆက်ဖတ်ရန်>>>

ရင်ထဲက ဝေဒနာ

`“သူ - - - မသိပေမယ့်
  သူ - - - ရှိမယ့်နေရာ ကိုယ်အရောက်လာမိတယ်
  လူ - - - မသိပေမယ့်
  အပူ - - မိတဲ့ဝေဒနာ မဖြေသာဘူးကွယ်
  ဝေဒနာပြေကြောင်းရယ်လို့ ကြေငြာကာချစ်ခွင့်တောင်းချင်လည်း
  တောင်းဆုရယ်ကံခေနည်းသူမို့ အသည်းကွဲခဲ့တာပဲကျန်ရစ်မယ်
  ဝေဒနာတွေအဆိပ်တက် အိပ်ပျက်ခဲ့ညတွေလည်း
  နှိပ်စက်တယ်လို့မငိုညည်း
  သြော် - - - သံယောဇဉ် ကိုယ့်မီးနဲ့ ကိုယ်မို့ပါကွယ် - - - ”
ဆက်ဖတ်ရန်>>>