"လယ်သမားကြီး ဦးသာအောင် - - - - - စားစရာမရှိလို့ လှည်း၊ နွားပေါင်
ကိုဖိုးမောင် အလုပ်သမား - - - - - စက်ရုံပစ္စည်း ခိုးရောင်းစား
ဦးဖိုးကျားက ကျောင်းဆရာ - - - - - ကျူရှင်ပြ၍ စီးပွားရှာ
မောင်ထွန်းသာ စစ်သားကလေး - - - - - မူးယစ်ဆေးဝါး သယ်ဆောင်ပေး
စာဖြန့်ဖြူးရေး မောင်သိန်းတန် - - - - - စာပို့ရာတွင် ငွေတောင်းခံ
ကိုသာဇံ မီးသတ်သမား - - - - - ပိုက်ဆံပေးမှ သူစွန့်စား
ရဲသားကြီးက ကိုလှရွှေ - - - - - ဖာခန်းသွားပြီး ငွေတောင်းနေ
တို့လုံမေ မခင်မြ - - - - - ငွေတောင်းရာတွင် ကျွမ်းကျင်လှ
ဦးစိန်ဘက ဆရာဝန် - - - - - ငွေပုံပေးရင် အလွန်ကျိုးနွံ
မလှမွန် သူနာပြု - - - - - လက်ဆောင်ပေးမှ သူပြုစု
ဦးသာနုက ရ ယ က - - - - - မျက်နှာချိုသွေးလို့ ငွေခွဲကြ
ဦးညွန့်လှက ကာစတန် - - - - - ငွေရောလူပါ သူတောင်းခံ
ကိုမြဟန် လ ၀ က - - - - - မှတ်ပုံတင်လုပ်ရင် ငွေပေးမှ
မ ရ က ကြီး ဦစံသာ - - - - - အရှက်ကြောက်ကင်းမဲ့ ကိုယ်ကျိုးရှာ
ကားဆရာ ကိုဘသောင်း - - - - - ဓါတ်ဆီထုတ်လို့ မှောင်ခိုရောင်း
ကျောင်းသူကျောင်းသား တို့အဖေါ် - - - - - အရွယ်ရောက်လို့ ကြီးပြင်းသော်
အမြင်မတော် ပြု ပြင်သွား - - - - - တော်လှန်ကြစို့လား''
Contact
!-kp-3နည်းပညာ-http:>
Sunday, January 16, 2011
မူလတန်း ကဗျာလေးပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment